ရှေးခေတ်အီဂျစ်တွေနဲ့ပတ်သက်ပြီး အံ့အားသင့်စရာအကောင်းဆုံးတစ်ခုကတော့ လေ့ကျင့်သင်ကြားပေးထားတဲ့ မျောက်ဖင်နီ ရဲ များဖြစ်ပါတယ်။ Hieroglyph များနှင့် အနုပညာလက်ရာများဟာ ခေတ်သစ်ရဲများက ရာဇဝတ်သားများ ဖမ်းဆီးဖို့အတွက် ခွေးကိုအသုံးပြုခဲ့ကြသလို အီဂျစ်အာဏာပိုင်များက မျောက်ဖင်နီများ အသုံးပြုခဲ့တာကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။

ထိတ်လန့်ဖွယ်ကောင်းတဲ့ အီဂျစ်ဂန္ထဝင်အနုပညာလက်ရာတစ်ခုမှာ အာဏာပိုင်တစ်ယောက်က ဈေးထဲမှာ သူခိုးတစ်ယောက်ကို ဖမ်းဆီးဖို့ မျောက်ဖင်နီတစ်ကောင်ကို လွှတ်ပေးထားပြီး သူခိုးဟာ ခြေထောက်အကိုက်ခံရတာကြောင့် အာဏာပိုင်ကို တောင်းပန်နေတဲ့ လက်ရာဖြစ်ပါတယ်။

ပုံထဲမှာဆိုရင် အဝတ်မပါတဲ့ အမျိုးသားတစ်ယောက်ဟာ သူရဲ့ခြေထောက်ကို မျောက်ဖင်နီတစ်ကောင်က ဆွဲဖမ်းချုပ်ခံထားရပါတယ်။ အမျိုးသားဟာလည်း မျောက်ဖင်နီကို သူ့ရဲ့ဘယ်လက်နဲ့ မောင်းထုတ်ဖို့ကြိုးစားနေပါတယ်။

ဒုတိယ လူတစ်ယောက်ကတော့ သူတို့နောက်မှာပါ။ သူဟာ Kilt အတိုကို ဝတ်ဆင်ထားပြီး လက်တစ်ဖက်မှာလည်း ကြာပွတ်ကိုင်ထားပါတယ်။ လက်တစ်ဖက်မှာတော့ ကလေးလွယ်ထားတဲ့ မျောက်ဖင်နီအမကို ကြိုးနဲ့ဆွဲထားပါတယ်။ ပုံထဲမှာ တခြားလက်ရာများလည်း ပါဝင်ပါသေးတယ်။

သတင်း အရင်းအမြစ်៖ The Archaeologist