နယူတန်ခေါင်းပေါ် ပြုတ်ကျခဲ့တဲ့ ပန်းသီးရဲ့အပင်...အခုအချိန်ထိအသက်ရှင်ဆဲ

//s9.kh1.co/cc/cc8fbd0d689053526db7a0b0c5416baa2b3303f2.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-လိုင်-၂၀၂၂ ၂pm · လွန်ခဲ့သော ၄ နှစ် က

ပန်းသီးပင်‌အောက်ထိုင်ရင်း ခေါင်းပေါ်ပန်းသီးကြွေကျလာရာကနေ...

နာမည်ကျော် ရူပဗေဒပညာရှင် ဆာအိုင်းဆက်နယူတန်ကို တော်တော်များများ သိကြမယ်ထင်ပါတယ်။ Newton ဟာဆိုရင် ရူပဗေဒပညာရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ကမ္ဘာမြေဆွဲအားအကြောင်း စတင်တွေ့ရှိခဲ့တဲ့ နာမည်ကျော်ရူပဗေဒပညာရှင်ကြီး ဖြစ်ပါတယ်။ နယူတန်ရဲ့ ကမ္ဘာမြေဆွဲအားကို ရှာတွေ့ပုံအကြောင်းလည်း ငယ်ငယ်ကပုံပြင် တစ်ခုအနေနဲ့ကြားဖူးကြမှာပါ။

https://s9.kh1.co/__image/w=290,h=331,q=100/71/711b8d6c0d8dded52d07910dc20fdc5cb175a56d.jpg

ပန်းသီးပင်‌အောက်ထိုင်ရင်း ခေါင်းပေါ်ပန်းသီးကြွေကျလာရာကနေ ကမ္ဘာမြေဆွဲအားအကြောင်း သ‌ဘောပေါက်သွားတဲ့ နယူတန်တစ်ယောက် သူ့ရဲ့ရှာဖွေတွေ့ရှိချက်ကနေ ကမ္ဘာကြီးကိုများစွာကောင်းကျိုးပြုနိုင်ခဲ့ပါတယ်။ အဲ့ဒီလို ခေါင်းပေါ်ပန်းသီး‌ကြွေကျစေခဲ့တဲ့ ပန်းသီးပင်ဟာသူ့ရဲ့ခြံထဲမှာ အခုထိအသက်ရှင်လျက်ရှိနေပါသေးတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/c6/c6d9fa26d3ffffe05f2cee1a96b4b52005ebf6f7.webp

အင်္ဂလန်ရဲ့ နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ "University of York" ရဲ့ ဖော်ပြချက်အရ Newton ရဲ့ပန်းသီးပင်ဟာ သူမွေးဖွားရာ Newton ရဲ့ Woolsthorpe Manor ရှိဥယျာဉ်ကြီးအတွင်း ရှင်သန်နေဆဲဖြစ်ကာ အဲ့ဒီအပင်ကကိုင်းတစ်ကိုင်းကိုဖြတ်ပြီး York တက္ကသိုလ်ဝင်းထဲမှာလဲ စိုက်ထားပါသေးတယ်။

https://s9.kh1.co/__image/w=650,h=543,q=100/fd/fdb472980483fc1ed866d11050dba5e40662c920.jpg

၁၆၆၆ ခုနှစ်နွေရာသီနှောင်းပိုင်း တစ်ညနေမှာ နယူတန်ဟာအဲ့ဒီအပင်အောက်ထိုင်ရင်း သူ့ရဲ့ခေါင်းပေါ်ပန်းသီးကြွေကျခဲ့ကြောင်း မှတ်တမ်းတွေအရဖော်ပြထားပါတယ်။

https://s9.kh1.co/__image/w=650,h=448,q=100/37/371e764e7faa78e40c7533b451e0c021bfa4a8e1.webp

အဆိုပါသစ်ပင်ကို ၁၇၅၀ ပြည့်လွန်နှစ်များကတည်းက စတင်ပြုစုစောင့်ရှောက်ပေးခဲ့ပြီး ၁၇၃၃ ခုနှစ်မှ ၁၉၄၇ ခုနှစ်အတွင်း အိမ်တွင်နေထိုင်တဲ့ အိမ်ငှားလယ်သမားများဖြစ်တဲ့ Woolerton မိသားစုရဲ့ မျိုးဆက်များက ပြုစုစောင့်ရှောက်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/ba/ba84d99c2909952a5eb3f4b6b9ea1dbe0f62b21e.jpg

သက်ကြီးပင်ကြီးအား ထိန်းကျောင်းရန် ကြိုးပမ်းခဲ့သော်လည်း ၁၈၁၆ ခုနှစ်မှာ မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ပြီး အကိုင်းအခက်အချို့ ဖယ်ရှားခံခဲ့ရပေမယ့်လည်း အပင်ရဲ့ အဓိကအစိတ်အပိုင်းတွေ ချန်ထားခဲ့ကာ ပြန်လည်အမြစ်တွယ်ခဲ့ပါတယ်။ အံ့သြစရာကောင်းတာက အဲ့ဒီသစ်ပင်ဟာ ဒီနေ့ Woolsthorpe Manor မှာ ကြီးထွားနေဆဲဖြစ်ပြီး အခုဆို သက်တမ်း နှစ်ပေါင်း 350 ကျော်ရှိနေပြီဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=783,q=100/e5/e50a1e9f033d605bc14372cacb35ab42d7355e9e.jpg

Isaac Newton ရဲ့ Apple Tree ဟာ ယခုအခါ သူ့ရဲ့ တတိယမြောက် အမြစ်တွေ ပေါ်နေပြီဖြစ်ပေမယ့်လည်း နွေရာသီတိုင်း ပန်းသီးအထွက်နှုန်း ကောင်းမွန်ဆဲဖြစ်ကြောင်းသိရပါတယ်။

Photos-credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T