အမဲလိုက်သမားတွေကြောင့် မိခင်ကို ဆုံးရှုံးလိုက်ရတဲ့ ဂေါ်ရီလာကို နှစ်သိမ့်ပေးနေတဲ့ အခိုက်အတန့်လေး

//s9.kh1.co/35/3505ee1666e8b47a8b520fb572984a1b7ae2a965.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-လိုင်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

.


အမဲလိုက်သမားတွေကြောင့် မိခင်ကို ဆုံးရှုံးလိုက်ရတဲ့ ဂေါ်ရီလာတစ်ကောင်အား နှစ်သိမ့်ပေးနေသည့် ပန်းခြံလုပ်သားတစ်ဦးအား ဝမ်းနည်းကြေကွဲဖွယ်ရာ ဓာတ်ပုံတစ်ပုံ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီဓာတ်ပုံကို ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းရှိ Virunga အမျိုးသားဥယျာဉ်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာတော့ ပန်းခြံလုပ်သားနှင့် ဂေါ်ရီလာတို့ကြားက နှောင်ကြိုးများဟာ မယုံနိုင်စရာဖြစ်ပြီး ဂေါ်ရီလာက ပန်းခြံလုပ်သားရဲ့ခြေထောက်ပေါ် လက်တင်ကာ သူ့ရဲ့ကျေးဇူးတင်မှုကို ထင်ရှားစွာပြသနေတာကို မြင်တွေ့ရပါတယ်။

Photo Credit - Kingdom
Photo Credit - Kingdom
Photo Credit - Kingdom
Photo Credit - Kingdom

နောက်ပြီး မိခင်ကို ဆုံးရှုံးလိုက်ရတဲ့ စိတ်ကြောင့် ဂေါ်ရီလာရဲ့ မကျေနပ်ချက်ကို မီးမောင်းထိုးပြထားသလို ပန်းခြံလုပ်သားရဲ့ တန်ပြန်မတ္တောပေးမှုကို ပြသထားတာကို သတိထားမိကြမှာပါ။ ဂေါ်ရီလာတွေဟာ တိရစ္ဆာန်ဖြစ်ပေမယ့် ကျွန်တော်တို့ လူသားတွေကဲ့သို့ လုပ်ဆောင်တဲ့ အပြုအမူတွေနဲ့ ခံစားမှုတွေကတော့ တူညီကျပါတယ်။ ဒါပေမယ့် ကံမကောင်းတာကတော့ တောင်ဂေါ်ရီလာများဟာ သိသိသာသာ မျိုးသုဥ်းပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့ပါပြီ။

Photo Credit - Kingdom
Photo Credit - Kingdom
Photo Credit - Kingdom
Photo Credit - Kingdom

ဒီလို ပျောက်ကွယ်လုနီးပါးဖြစ်ရတဲ့ အကြောင်းအရင်းမှာ လူသားတို့တဲ့ အပြုအမူနှစ်ခုကြောင့်ဖြစ်ပေါ်ခဲ့ရတာပါ။ ပထမအချက်က အစုလိုက်အပြုံလိုက် သစ်တောပြုန်းတီးမှုကြောင့် ဂေါ်ရီလာများနှင့် မိုးသစ်တော်ရှိ တိရစ္ဆာန်များအားလုံးရဲ့ နေထိုင်ကျက်စားရာ နေရာများ ဆိုးရွားစွာ ဆုံးရှုံးခဲ့ရပါတယ်။

Photo Credit - Kingdom
Photo Credit - Kingdom

နောက်တစ်ခု စိုက်ပျိုးရေးနှင့် သတ္တုတူးဖော်ခြင်းစတဲ့ စက်မှုလုပ်ငန်းများကြောင့် မိုးသစ်တော ဧက ၈၀,၀၀၀ လောက်ဟာ နေ့စဉ်နှင့်အမျှ ပျက်စီးခဲ့ရပါတယ်။ ဂေါ်ရီလာတွေရဲ့ ဒုတိယခြိမ်းခြောက်မှုကတော့ အမဲလိုက်ခြင်းပါပဲ။ လက်ရှိမှာ ဂေါ်ရီလာတွေကို အမျိုးသားဥယာဥ်တွေနဲ့ တိရစ္ဆာန်ဥယာဥ်တွေမှာပဲ အများဆုံးတွေ့ရပါတော့တယ်။

Photo Credit - Kingdom
Photo Credit - Kingdom
Photo Credit - Kingdom
Photo Credit - Kingdom

သတင်း အရင်းအမြစ် Source - Kingdom


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T