သင်သိပါသလား ...? ကမ္ဘာပေါ်မှာ အမြင့်ဆုံး အဆောက်အဦးက Burj Khalifa ဆိုတာ

//s9.kh1.co/bd/bd327da9d4175ee6e157af00ee8e221ca876a323.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-လိုင်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

.



သင်သိပါသလား...ကမ္ဘာပေါ်မှာ အမြင့်ဆုံး အဆောက်အဦးက Burj Khalifa တာဝါဆိုတာ ။ ၂၀၁၄ ခုနစ်က The World Tallest Buildings Greatest-Online blog မှာ ဖော်ပြထားတဲ့ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးမှာဇယားမှာ ဒူဘိုင်းရှိ Burj Khalifa တာဝါဟာ အမြင့် ၂၇၁၂ ပေ ရှိပါတယ်။ ဒုတိယနေရာမှာတော့ Shanghai Tower (၂၀၇၃ ပေ) နဲ့ Mecca ရှိ Albraj Al-Bait အဆောက်အဦး (၁၉၇၁ ပေ) တို့ ဖြစ်ပါတယ်။ ကွာလာလမ်ပူရှိ Petronas Twin Towers ကတော့ အမြင့် ၁၄၈၃ ပေဖြင့် အဆင့်ကိုးနေရာတွင် ရှိပါတယ်။

Photo Credit - From Google
Photo Credit - From Google

စိတ်ဝင်စားစရာကောင်းတဲ့ လေ့လာတွေ့ရှိချက်တစ်ခုကတော့ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး ၉ လုံးထဲက ၇ လုံးဟာ အာရှတိုက်မှာ တည်ရှိပြီး ကျန် ၂ လုံးကတော့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ တည်ရှိပါတယ်။တရုတ်နိုင်ငံဟာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ ၉ လုံးစာရင်းမှာ ရှန်ဟိုင်းမျှော်စင်၊ ရှန်ဟိုင်းကမ္ဘာ့ဘဏ္ဍာရေးစင်တာနှင့် ဟောင်ကောင်ရှိ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးစင်တာတို့ကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit - From Google
Photo Credit - From Google

ကမ္ဘာ့အမြင့်ဆုံး Burj Khalifa ဟာ ကွာလာလမ်ပူမြို့၊ Petronas Twin Towers ရဲ့ ကိုးခုမြောက် အမြင့်ဆုံး အဆောက်အဦးထက် နှစ်ဆနီးပါးမြင့်မားပါတယ်။ အထပ်ပေါင်း ၁၆၀ ကျော်ပါဝင်တဲ့ Burj Khalifa ကို ၂၀၀၄ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး၂၀၀၉ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။

Photo Credit - From Google
Photo Credit - From Google

၂၀၁၀ ခုနှစ်မှာတော့ အဆောက်အအုံကို Downtown Dubai လို့ခေါ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုအသစ် တစ်စိတ်တစ်ပိုင်းအဖြစ် ဖွင့်လှစ်ခဲ့တာပါ။ အဆောက်အဦးရဲ့ ဒီဇိုင်းဟာ ပိရမစ်ပုံစံနဲ့တူ Great Mosque ကဲ့သို့သော ဒေသရဲ့ အစ္စလာမ့်ဗိသုကာလက်ရာ အငွေ့အသက်များပါဝင်တာ တွေ့ရပါတယ်။ လက်ရှိအချိန်လည်း Burj Khalifa အဆောက်အအုံဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံး အဆောက်အအုံအဖြစ် ဆက်လက်နေရာယူထားဆဲဖြစ်ပြီး ကြယ် ၅ ပွင့် ဟိုတယ်အဆင့်အဖြစ် သတ်မှတ်ထားကြပါတယ်။

Photo Credit - From Google
Photo Credit - From Google

နောက်ပြီး ပြောင်မြောက်တဲ့ ရွက်လွှင့်ပုံသဏ္ဍာန် ဒီဇိုင်းကြောင့် ကျော်ကြားပြီး ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဟိုတယ်အခန်းများထဲမှ တစ်ခုဖြစ်ပါတယ်။ Burj Khalifa ရှိ ဟိုတယ်မှာ ၂၀၁၃ ခုနှစ်က တစ်ညတာ တည်ခိုခွင့်ကို ပျမ်းမျှ ‌အမေရိကန် ဒေါ်လာ ၂၄၀၀၀ ကျသင့်ကြောင်း သိရပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ် Source - Wikipedia

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T