အာကာသထဲ ခရီးသွားခဲ့ပေမယ့်လည်း ကမ္ဘာမြေပေါ်ရောက်မှ အဆုံးသတ်မလှခဲ့တဲ့ ကြောင်လေး

//s9.kh1.co/c1/c130b30062874b4f38b2496076dffa1f296cf4ef.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-လိုင်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

လမ်းဘေးကြောင်လေးတစ်ကောင်ကနေ အာကာသထဲရောက်ခဲ့ကာ......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ရဲရင့်တဲ့ ပြင်သစ်နိုင်ငံ ကြောင်တစ်ကောင်ဟာ သူမရဲ့ ရဲရဲတောက် အာကာသခရီးစဉ်ကြောင့် တစ်ချိန်က ကျော်ကြားလာခဲ့‌ဖူးပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကြေကွဲဖွယ်အဆုံးသတ်ကို ခံစားခဲ့ရပါတယ်။ 'Felicette' (ဖေလဇ်ဆက်) နောက်ပိုင်းမှာ 'Felix' (ဖေလဇ်) လို့အမည်ပေးထားတဲ့ ကြောင်လေးကို ၁၉၆၀ ခုနှစ် ပြင်သစ်ဒုံးပျံအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကမ္ဘာပတ်လမ်းကြောင်းထဲကို လွှတ်တင်ခဲ့ပါတယ်။ သူမကို လမ်းဘေးကြောင်တစ်ကောင်အဖြစ် တွေ့ရှိခဲ့ရပြီး ၁၉၆၃ ခုနှစ်မှာ ကမ္ဘာမြေရဲ့ 15 မိနစ်ကြာ အာကာသပတ်လမ်းမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးကြောင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အာကာသထဲ ပို့ဖို့လေ့ကျင့်ပေးခဲ့တဲ့ ကြောင်များ<br>
အာကာသထဲ ပို့ဖို့လေ့ကျင့်ပေးခဲ့တဲ့ ကြောင်များ
https://s9.kh1.co/__image/w=650,h=617,q=100/47/47d3437eb39428dcb9c25b8943fce8a220232354.jpg

Felicette မတိုင်ခင် အာကာသထဲ ရောက်သွားခဲ့ပြီး နာမည်အကြီးဆုံး တိရစ္ဆာန်မှာ ရုရှားခွေး Laika (လိုင်ကာ) ဖြစ်ပါတယ်။ သူမကို အာကာသထဲ လွှတ်တင်ခဲ့‌ပေမယ့်လည်း အပူလွန်ကဲမှုကြောင့် သေဆုံးသွားခဲ့ရပါတယ်။ အခြားတစ်ဖက်မှာတော့ Felicette ဟာ ကမ္ဘာမြေပေါ် လုံခြုံစွာ ပြန်ရောက်ခဲ့ပါတယ်။ သူမကို အာကာသထဲ မပို့ခင် အချိန်အထိ ပြင်သစ်အာကာသအစီအစဉ်ဟာ ကြွက်များကိုပဲ ပေးပို့နိုင်ခဲ့တာပါ။ မူလနာမည် 'C341' ဆိုတဲ့ သူမကို ဆာဟာရသဲကန္တာရကနေ ပစ်လွှတ်ခဲ့ကာ ကမ္ဘာမြေပြင်အထက် မိုင် 100 အကွာကို ရောက်ရှိသွားခဲ့ပါတယ်။

Felicette
Felicette
Felicette
Felicette

အလေးချိန် ၂.၅ ကီလိုဂရမ်သာရှိတဲ့ သူမဟာ "တည်ငြိမ်တဲ့အမူအရာ" ရှိပြီး ကမ္ဘာမြေပေါ် သူရဲကောင်းဆန်ဆန်ပြန်လာပြီးနောက် ကျော်ကြားသူဖြစ်လာကြောင်း သိရပါတယ်။ ပြင်သစ်သိပ္ပံပညာရှင်များဟာ သူမနဲ့ပတ်သက်ပြီး ဘာစိတ်ခံစားချက်မှ မထားခဲ့ကြပါဘူး။ နှစ်လအကြာမှာတော့ သူမကို ချက်ခြင်း သတ်ပစ်လိုက်ပါတယ်။ အဲ့ဒါမှသူတို့လည်း အာကာသခရီးကို ဦး‌နှောက်က ဘယ်လိုတုံ့ပြန်လဲဆိုတာ လေ့လာလို့ရမှာပါ။ Felicette ဟာ သူမ လေထုထဲရောက်ပြီးလို့ ၅၄ နှစ်ကြာပြီးနောက်မှ အောင်မြင်လာခဲ့ပါတယ်။

Felicette
Felicette

သတင်း အရင်းအမြစ် Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T