လည်ချောင်းနာပြီးနောက် ကျားသစ်ပုံပြောင်းလဲသွားတဲ့ သူနာပြုဆရာမလေး

//s9.kh1.co/bb/bb055b569f3c01a7132c70aa4e13e7c755c3404c.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-လိုင်-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

လည်ချောင်းနာပြီးနောက် ကျားသစ်ပုံပြောင်းလဲသွားတဲ့ သူနာပြုဆရာမလေး

အိုင်ယာလန်မြောက်ပိုင်း၊ ကောင်တီအန်ထရမ်မြို့မှာ နေထိုင်တဲ့ အသက် ၂၂ နှစ်ရှိ အမ်းစထရောင်းလိုခေါ်တဲ့ သူနာပြုဆရာမလေးဟာ လည်ချောင်းအပျော့စား နာတာနှင့် ဝက်ခြံအနည်းငယ်ခံစားရတယ်လို့ ထင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း သူမမှာ ရင်ဘတ်၊ ခန္ဓာကိုယ်၊ လက်၊ ခြေထောက်နှင့် နောက်ကျောတစ်လျှောက်မှာ သေးငယ်တဲ့ အနီရောင် အစက်အပြောက်များ ထောင်ပေါင်းများစွာ ပေါ်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=782,q=100/79/792f901d15022b8f48744fda1e4f756dc2962a7d.webp

အစကတော့ သူမရဲ့ ခန္ဓာကိုယ်မှာ သာမန်ဖြစ်တာလို့ပဲ ထင်ခဲ့ပေမယ့် နောက်ပိုင်း ဒီလိုအနီရောင် အစက်အပြောက်များ ထွက်ပေါ်လာတာကို သတိပြုခဲ့မိပါတယ်။သမားတော်များကလည်း အမ်းစထရောင်းရဲ့ အဆန်းတကြယ် ရောဂါနဲ့ ပတ်သက်ပြီး စေ့စေ့စပ်စပ်လေ့လာ ကြည့်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/25/25df9ea698870bca5eb36ae080a5bc1eb2933d7b.webp

ဆေးစစ်ဆေးချက်အဖြေအရ အမ်းစထရောင်းရဲ့ ရောဂါက Guttate psoriasis အရေပြားရောဂါ ဖြစ်နေတာကို သိခဲ့ရပါတယ်။ ဆရာဝန်ကတော့ ဒါဟာ လည်ချောင်းနာတာက ရုတ်တရက် အဖုပေါက်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/5b/5b857e108336647c94ebe27c5b1a1bbea59529de.webp

Guttate psoriasis ရောဂါက ကလေးတွေနဲ့ လူငယ်တွေမှာ အဖြစ်များတဲ့ အရေပြားရောဂါဖြစ်ပြီး လည်ချောင်းထဲကို ပိုးဝင်ပြီးနောက်မှာ မကြာခဏ ပေါက်တတ်တယ်လို့ဆိုပါတယ်။ ဒီရောဂါက နာတာရှည်အခြေအနေ မဟုတ်ပေမယ့် ရက်သတ္တပတ်အနည်းငယ်အကြာမှာ သူ့ဘာသာသူ ပျောက်သွားတတ်တဲ့ ရောဂါဖြစ်ပါတယ်။

ဒါပေမယ့် အမ်းစထရောင်းရဲ့ ခန္ဓာကိုယ်မှာ ထွက်ပေါ်လာတဲ့ Guttate psoriasis ကတော့ ခြောက်လနီးပါးကြာအောင် ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ယခုဆိုရင် သူနာပြုဆရာမလေးက ကျားသစ်မလေးလို့တောင် နာမည်ကြီးနေခဲ့ပြီဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T