နှစ် ၁၀၀၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ အိန္ဒိယက တိဗက်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း

//s9.kh1.co/24/24435439960b39a944107ed9ac9c6c5ef421dc81.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-လိုင်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

ဒီကျောင်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၃,၆၆၈ ပေမှာ တည်ရှိကာ......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

Kye Gompa (ကီဂမ်ပါ) ဟာ အိန္ဒိယက တိဗက်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၄၁၆၆ မီတာ (၁၃၆၈၈ ပေ) မြင့်တဲ့ တောင်ကုန်းတစ်ခုပေါ်မှာ တည်ရှိပါတယ်။ ကျောင်းဟာ Spiti (စပင့်တီ) တောင်ကြားရဲ့အကြီးဆုံးဘုန်းတော်ကြီးကျောင်းဖြစ်ပြီး Lamas (လာမက်စ်) အတွက်ဘာသာရေးလေ့ကျင့်ရေးစင်တာဖြစ်ပါတယ်။ ၁၈၅၅ ခုနှစ်မှာ သံဃာအပါး (၁၀၀) ရှိခဲ့ကြောင်း သိရပါတယ်။ ကျောင်းတော်ကြီးဟာ Kaza (ကာဇာ) ရဲ့မြောက်ဘက် ၁၂ ကီလိုမီတာ (၇.၅ မိုင်) နှင့် Manali (မာလီ) မှ ၂၁၀ ကီလိုမီတာ (၁၃၀ မိုင်) အကွာတွင်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/21/21c9f0e795f2eb88672f63779d400f419b90de56.jpg

Kye Gompa ကို ၁၁ ရာစုမှာ နာမည်ကြီး ဆရာ Atisha (အတိရှာ) ရဲ့တပည့် ဒရမ်တွန်က တည်ထောင်ခဲ့တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့်လည်း သူဆောက်ခဲ့တဲ့ကျောင်းဆောင်ဟာ တိဗက်ဘုန်း‌တော်ကြီးကျောင်းမဟုတ်သေးပဲ Rangrik (ရမ်ဂရင်) ရွာအနီးမှာရှိတဲ့ Kadampa (ကန်ဒပါ) ဘုန်းကြီးကျောင်း ဖြစ်နိုင်ပါတယ်။ ဒီဘုန်းကြီးကျောင်းကတော့ မွန်ဂိုအကူအညီဖြင့် Sakya (ဆက်ရာ) ဂိုဏ်း အာဏာရလာတဲ့အခါ ၁၄ ရာစုမှာ ဖျက်စီးခံလိုက်ရပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/ac/acf753c0d217da8a25bb2a65b9ab8f9cda9c9017.jpg

ပဉ္စမ ဒလိုင်းလားမား လက်ထက် ၁၇ ရာစုတွင် မွန်ဂိုတို့က Kye ကျောင်းကို ထပ်မံတိုက်ခိုက်ခဲ့ပြီး Gelugpa (တိဗက်ဘုန်း‌တော်ကြီးကျောင်း) ကိုစတင် တည်ထောင်ခဲ့ပါတယ်။ ၁၈၃၀ မှာ Ladakh (လဒက်) နှင့် Kulu (ကူလူ) အကြားစစ်ပွဲများအတွင်း Gelugpa ဟာ ‌ပျောက်ကွယ်သွားခဲ့ရပြီး ၁၈၄၁ ခုနှစ်မှာ Ghulam Khan (ဂူလမ်မ် ခန်) နဲ့ Rahim Khan (ရာဟင်ခန်) တို့လက်အောက်ရှိ Dogra စစ်တပ်ကြောင့် Gelugapa ဟာ ပြင်းထန်စွာ ထိခိုက်ခဲ့ပါတယ်။ အဲ့နှစ်နှောင်းပိုင်းမှာ ဆစ်ခ်လူမျိုး‌တွေ‌ကြောင့် ကျောင်းဟာ ထိခိုက်မှု ပိုများလာပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/84/849306d4cdaa57935010f0db20cac8eb7f20874d.jpg

၁၈၄၀ ခုနှစ်များမှာ ကျောင်းတော်ကြီးဟာ မီးလောင်ပျက်စီးခဲ့ရပြီး ၁၉၇၅ ခုနှစ်မှာ ပြင်းထန်တဲ့ငလျင်ကြောင့် နောက်ထပ်ပျက်စီးဆုံးရှုံးမှုများရှိခဲ့‌ပေမယ့် အိန္ဒိယရှေးဟောင်းသုတေသနစစ်တမ်းနှင့် ပြည်နယ်ပြည်သူ့လုပ်ငန်းဦးစီးဌာနတို့ရဲ့ အကူအညီဖြင့် ပြန်လည်ပြုပြင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/16/161b2deeb7dcc807a0a4c43beaaafe9885944d0e.jpg

ဘုန်းကြီးကျောင်းနံရံများကို ပန်းချီကားများနှင့် နံရံဆေးရေးပန်းချီများဖြင့် ဖုံးအုပ်ထားပြီး ဒါဟာ တရုတ်ဩဇာလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ၁၄ ရာစု ဘုန်းတော်ကြီး ဗိသုကာလက်ရာရဲ့ နမူနာဖြစ်ပါတယ်။ ကျောင်းတိုက်မှာ ဗုဒ္ဓရုပ်ပွားတော်များ အပါအဝင် ရှေးဟောင်း ပန်းချီကားများနှင့် စာအုပ်များ စုစည်းထားပါတယ်။ ကျောင်းတိုက်မှာ အထပ်သုံးထပ်ရှိပြီး ပထမတစ်မျိုးမှာ အဓိကအားဖြင့် မြေအောက်ထပ်ဖြစ်ပြီး သိုလှောင်ရန်အတွက် အသုံးပြုပါတယ်။

https://s9.kh1.co/__image/w=650,h=465,q=100/e2/e2eaf8405247e5cc9861fc48914e17be3ff2aa71.jpg

Tangyur (တန်ဂျီး) လို့ခေါ်တဲ့ အခန်းတစ်ခန်းကို နံရံဆေးရေးပန်းချီများဖြင့် ခြယ်မှုန်းထားပါတယ်။ မြေညီထပ်မှာ လှပစွာ အလှဆင်ထားတဲ့ စည်းဝေးပွဲခန်းမ နှင့် သံဃာအမြောက်အမြားအတွက် အခန်းများရှိပါတယ်။ Kye Gompa ဟာ ယခုအခါ Spiti ရှိ သုံးခုထဲမှ တစ်ခုဖြစ်တဲ့ Tabo ဘုန်းတော်ကြီးကျောင်းနှင့် Dhankar Gompa တို့နှင့်အတူ Gelugpa ဂိုဏ်းနဲ့ ပတ်သက်ပါတယ်။

https://s9.kh1.co/__image/w=550,h=367,q=100/1c/1cd2545c112612910ed10d65148217dabc2f8106.jpg

သတင်း အရင်းအမြစ် Wikipedia

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T