မျက်မမြင် မှော်ဆရာမ Baba Vanga ရဲ့ ၂၀၂၂ ဟောကိန်း‌တွေထဲက တစ်ခုမှန်ပြီ

//s9.kh1.co/89/895109b0569af2bf82a5084a1ce593c6d11f54e3.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-လိုင်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

သူမရဲ့မှန်ကန်မှုဟာ ၈၅ ရာခိုင်နှုန်းရှိပါတယ်.....(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ဒဏ္ဍာရီဆန်ဆန် မှော်ဆရာ Baba Vanga (ဘာဘာ ဗန်ဂါ) ဟာ ၂၀၂၂ ခုနှစ်အတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ ဟောကိန်းများကို ပြုလုပ်ခဲ့ပြီး အချို့မှာ အမှန်ဖြစ်နေပြီဖြစ်ပါတယ်။ သူမကို လူတော်တော်များများက ၉/၁၁ တိုက်ခိုက်မှု၊ မင်းသမီး ဒိုင်ယာနာ သေဆုံးမှုနဲ့ ယူကရိန်းရှိ Chernobyl (ချာနိုဘိုင်း) ဘေးဒုက္ခတို့ကို မှန်ကန်စွာ ကြိုတင် ခန့်မှန်းနိုင်ခဲ့မှုကြောင့် သိရှိကြပါတယ်။ လွန်ခဲ့သော 25 နှစ်ခန့်က သူမ ကွယ်လွန်ခဲ့‌ပေမယ့်လည်း ဘာသာရေးအရ အများအပြားက သူမရဲ့ စကားများကို ယုံကြည်ကြပါတယ်။ ပြီးတော့ ဒီနှစ်အတွက် သူ့ရဲ့ပရောဖက်ပြုချက်တွေက သက်ရောက်မှုသိပ်မရှိပါဘူး။

https://s9.kh1.co/__image/w=650,h=434,q=100/49/4917de7879ff79f4e197ea831758cfbd8aace50a.webp
https://s9.kh1.co/__image/w=650,h=342,q=100/4d/4d8bd3520993cf5b4c76fc34fd77ef00cf32666c.jpg

Baba Vanga က မြို့ကြီးများမှာ ရေပြတ်လပ်မှုများကြောင့် နိုင်ငံရေးအရ အကျိုးဆက်များ ကြုံတွေ့ရနိုင်ပြီး အခြားနည်းလမ်းများကို နိုင်ငံများက ရှာဖွေနေကြရကြောင်း သတိပေးခဲ့ပါတယ်။ Kent မှာ နေထိုင်သူများဟာ အပူလှိုင်းကြားတွင် 'လိုအပ်မှသာ အသုံးပြုရန်' အတွက် ရေသတိပေးချက်ထုတ်ပြန်ထားချိန်တွင် သူမရဲ့ မှောင်မိုက်တဲ့ ပရောဖက်ပြုချက်ဟာ အမှန်တကယ် ထွက်ပေါ်လာပါတယ်။ ဥရောပရဲ့ နေရာအနှံ့အပြားမှာ အပူချိန် 50 ဒီဂရီစင်တီဂရိတ် နီးကပ်လာတာနဲ့အမျှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူများကလည်း အလားတူသတိပေးမှုများ ပြုလုပ်လျက်ရှိပါတယ်။

https://s9.kh1.co/__image/w=540,h=360,q=100/4d/4d53de60c427308c277b1e9b7e027e477002a8ba.jpg
https://s9.kh1.co/__image/w=540,h=404,q=100/9a/9a9ecc8e6e9116e3b5a5ddc197e2aa664e000933.webp

Baba Vanga က အာရှနှင့် ဩစတြေးလျနိုင်ငံအများအပြားတွင် ‘ပြင်းထန်တဲ့ရေကြီးမှုများ’၊ ငလျင်နှင့် ဆူနာမီလှိုင်းများ လှုပ်ခတ်သွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ အခြားနေရာများတွင်လည်း အပူချိန်ကျဆင်းမှုကြောင့် အိန္ဒိယနိုင်ငံတွင် အငတ်ဘေးအန္တရာယ်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ပရောဖက်အရ ဆိုက်ဘေးရီးယားမှာ ရှာဖွေတွေ့ရှိမယ့် အခြားကပ်ရောဂါတစ်ခုကိုလည်း မျှော်မှန်းထားပါတယ်။ ဒီတစ်ခါက ရာသီဥတု ဖောက်ပြန်မှုကြောင့် ထွက်လာမယ့် အေးခဲနေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=648,h=432,q=100/5c/5c65c1d33ea3822ed168ad6853755305a4d374e5.jpg

၂၀၂၂ ခုနှစ်အတွက် သူမရဲ့ အယုံကြည်ရဆုံး ခန့်မှန်းချက်ဟာ ဖန်သားပြင်များရှေ့တွင် ယခင်ကထက် အချိန်ပိုယူနေသူများနှင့်အတူ virtual reality သိမ်းယူမှုဖြစ်နိုင်ပါတယ်။ စာဖတ်သူတို့လည်း တစ်နေကုန် Screen ရှေ့မှာပဲ အချိန်ကုန်နေသူတွေကို တွေ့ဖူးမှာပါ။ Baba Vanga ရဲ့ပရောဖက်ပြုချက်များဟာ ဆက်လက်ဖြစ်လာမယ်လို့ လူအများက ယုံကြည်ကြပါတယ်။ သူ မသေဆုံးမီ ၁၉၉၆ ခုနှစ်တွင် ဘူလ်ဂေးရီးယားနိုင်ငံရှိ Kozhuh တောင်တန်းတွေရှိ သူမရဲ့ ဝေးလံခေါင်သီတဲ့ ကျေးရွာကို လူရာပေါင်းများစွာဟာ သူမနှင့်တွေ့ဆုံရန် ခရီးထွက်ခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ဥရောပနှင့် ဆိုဗီယက်အရှေ့ခြမ်း အသီးသီးမှ ခေါင်းဆောင်များဟာ Baba Vanga ရဲ့ အကြံဉာဏ်ကို တန်ခိုးကြီးဘုရားဟု ယုံကြည်ကြခဲ့ပါတယ်။ လေ့လာမှုများအရ သူမရဲ့ ပရောဖက်ပြုချက်များဟာ ဥရောပနဲ့ ယခင်ဆိုဗီယက်ယူနီယံနိုင်ငံများတွင် မှန်ကန်မှုနှုန်း 85% ရှိကြောင်း လေ့လာမှုများက ဖော်ပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=514,q=100/c2/c2c280506f7b7fb27a07130f498bc7694e2e9dae.jpg

သတင်း အရင်းအမြစ် Metro

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T