တစ်နှစ်ကို ရက် ၃၀၀ နီးပါး မိုးကြိုးအစဉ်မပြတ် ပစ်တဲ့ ‌ထူးထူးဆန်းဆန်းနေရာ

//s9.kh1.co/87/87dd7469506974d82de9843183fe87fa7a63294e.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-လိုင်-၂၀၂၂ ၉pm · လွန်ခဲ့သော ၃ နှစ် က

အဲ့ဒီကလူတွေ ဘယ်လိုများ နေထိုင်လဲ မသိဘူး....(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ကောင်းကင်ပေါ်ကနေ ကြောက်မက်ဖွယ် ကောင်းလှတဲ့ အသံကြီးတွေနဲ့ မြည်ဟီးပြီး ပစ်ချလိုက်တဲ့ မိုးကြိုးကို လူတော်တော်များများ မြင်ဖူးကြမှာပါ။ ဒီလို မိုးကြိုးတွေကို လက်တွေ့မှာ နဖူးတွေ့ ဒူးတွေ့ တွေ့ဖူးတဲ့ သူတွေကတော့ အလွန် အင်မတန်နည်းပါးလှပါတယ်။ ဒီတစ်ခါဖော်ပြပေးချင်တာကတော့ အရောင်စုံလင်လှတဲ့ မိုးကြိုးတွေ အကြောင်း ဖော်ပြပေးချင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/9e/9e6bc719c261cbc350907bd8c1d82249c1de2407.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/88/88c8064b38373807b7505ec2764ec25673183c89.jpg

ဒီလို အရောင်စုံလင်လှတဲ့ မိုးကြိုးတွေ ဖြစ်ပေါ်နေတဲ့ အရပ်ကတော့ ဗင်နီဇွဲလားနိုင်ငံမှာ ရှိတဲ့ Catatumbo (ကတ်တတ်တူး‌ဘို)လို့ အမည်ရှိ မြစ်တစ်စင်းမှာပဲ ဖြစ်ပါတယ်။ ဒီမြစ်စီးဆင်းတဲ့ ပတ်ဝန်းကျင်မှာ မုန်တိုင်းငယ်တွေဟာ တစ်နှစ်မှာ ရက် ၃၀၀ နီးပါး ဖြစ်ပေါ်လေ့ရှိပြီး မုန်တိုင်းတစ်ခါကျတိုင်း ၁၀ နာရီလောက်တောင် ကြာမြင့်ပါတယ်။ တော်တော်ကိုကြာတဲ့အချိန်အတိုင်းအတာတစ်ခုဖြစ်ပြီး တော်တော်လည်း ကြောက်ဖို့ကောင်းပါတယ်။

https://s9.kh1.co/__image/w=600,h=374,q=100/76/76b88dacf36825dc12a94bdd62c79d75f94d2e49.jpg
https://s9.kh1.co/__image/w=650,h=372,q=100/46/463689d4083178057df8749bc48bd91f7a876b18.jpg

မုန်တိုင်းကျနေစဉ်မှာ တစ်နာရီအတွင်းကို အကြိမ်၂၀၀ ကျော် လောက်တောင် လျှပ်စီးတွေက အဆက်မပြတ် လက်နေပါတယ်။ ဒါပေမယ့် ထူးဆန်းတာက လျှပ်စီးတွေဟာ ကောင်းကင်ပေါ်မှာရှိတဲ့ တိမ်ရဲ့ အရောင်တွေနဲ့ ပေါင်းပီး လှပတဲ့ လျှပ်စီးအရောင်တွေ ဖြစ်သွားပါတယ်။ ဒီလို ထူးဆန်းတဲ့ လျှပ်စီး အရောင်တွေကို ပရိသတ်ကြီးအတွက် ဗဟုသုတရစေရန်အတွက် ပုံလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ ဓာတ်ပုံပညာရှင်တွေအတွက်‌ကတော့ လှပပေမယ့် လူတွေအတွက်ကတော့ ထိတ်လန့်စရာပါပဲ။

https://s9.kh1.co/__image/w=650,h=434,q=100/08/086ce0774d1e651deb835f0a22ae39628381b704.jpg
https://s9.kh1.co/__image/w=650,h=434,q=100/bb/bb7b481a340c4653fe1c8c772056036a593606a2.jpg

သတင်း အရင်းအမြစ် The New York Times

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T