ဖူးမြော်ထိုက်မှ ဖူးခွင့်ရတဲ့ ရှားပါး ကျိုက်ထီးရိုးစေတော်ကြီးရဲ့ ထီးတော်

//s9.kh1.co/0f/0f33968042207cdaa3191fb018b95061a447a27e.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-လိုင်-၂၀၂၂ ၁pm · လွန်ခဲ့သော ၄ နှစ် က

ဖူးမြော်ထိုက်မှ ဖူးခွင့်ရတဲ့ ရှားပါး ကျိုက်ထီးရိုးစေတော်ကြီးရဲ့ ထီးတော်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ပေါင်းလောင်းတောင်ပေါ်မှာ တည်ရှိတဲ့ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ဟာ မြန်မာနိုင်ငံရဲ့ အလွန်တန်ဖိုးထားရာ တန်ခိုးကြီး စေတီတော် တစ်ဆူပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=448,q=100/7a/7a3eb480a5aa95e6ef5c81cd1a672672270f56d5.jpg

အလွန် ကြည်ညိုဖွယ်စရာကောင်းပြီး ထူးထူးခြားခြား အံ့ဖွယ် တည်ထားကိုးကွယ်ထားတာကြောင့် မြန်မာနိုင်ငံအရပ်ရပ်က ဘုရားဖူးများ လာရောက်ဖူးမြော်ကြတဲ့အပြင် အခုနောက်ပိုင်းမှာ နိုင်ငံတကာက ကမ္ဘာလှည့်ခရီးသွားတွေပါ လာရောက်ကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=800,q=100/e0/e0dff2ac1a7a1664e19a8cf56eadffd4aaeb23f4.jpg

ကျိုက်ထီးရိုး စေတီတော်ရဲ့ ဘုရားပွဲတော်ဟာ နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ၇ လတာ ပုံမှန်ကျင်းပပြီး ဘုရားဖူးသူများနဲ့ ကြက်ပျံမကျ စည်ကားလျက်ရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့်တက်ခဲ့တဲ့ ကာလတစ်လျှောက်မှာတော့ ဘုရားပွဲတော်ကို ကျင်းနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

https://s9.kh1.co/__image/w=600,h=810,q=100/a5/a5c4fc8b7d95f796eaf26eef34e38d2714b47a94.jpg

ယခုမှာတော့ ဘုရားဖူးသူ တော်တော်များများ မြင်တွေ့ရခဲတဲ့ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ရဲ့ ပုံရိပ်တချို့ပြန်လည်ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ တကယ့်ကို ရှားရှားပါးပါး ဖူးမြော်ထိုက်မှ ဖူးခွင့်ရတဲ့ ကျိုက်ထီးရိုးစေတီတော် ထီးတော် အနီးကပ် မြင်ကွင်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=819,q=100/4a/4ac871b2138260699b51065f1c9903088a1c4194.jpg

ဒီပုံလေးတွေကို ဒေသခံတစ်ဦးမှ ရိုက်ကူးဖော်ပြထားတာ ဖြစ်ပါတယ်။ ထီးတော်ဟာ အလွန် ကျက်သရေ အဖြာဖြာတို့ဖြင့် ပြည့်စုံပြီး တကယ့်ကို ဖူးမြော်မြင်တွေ့ရခဲတာကြောင့် ဗုဒ္ဓဘာသာဝင်များအတွက် ပြန်လည်ဖူးမြော်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T