နှစ်ပေါင်း ၁၅၅ နှစ်ကြာပြီးနောက်မှာတောင် ကမ္ဘာ့အရပ်အရှည်ဆုံးစုံတွဲအဖြစ်ရှိနေတဲ့ ဇနီးမောင်နှံ

//s9.kh1.co/ed/edc97a93a8fb1b9c8f8611f43f217d0a03d97821.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-လိုင်-၂၀၂၂ ၁pm · လွန်ခဲ့သော ၄ နှစ် က

နှစ်ပေါင်း ၁၅၅ နှစ်ကြာပြီးနောက်မှာတောင် ကမ္ဘာ့အရပ်အရှည်ဆုံးစုံတွဲအဖြစ်ရှိနေတဲ့ ဇနီးမောင်နှံ

၁၈၄၆ ခုနှစ် ကနေဒါနိုင်ငံ၊ Nova Scotia ပြည်နယ် ၊ Tatamagouche ရွာမှာ Anna Haining Swan ဆိုတဲ့ အမျိုးသမီးကို မွေးဖွားခဲ့ပါတယ်။ သူမရဲ့ မိဘနှစ်ပါးလုံးက အရပ်အမောင်းနဲ့ ကိုယ်အလေးချိန် ပျမ်းမျှသာ ရှိတာကြောင့် ၁၆ ပေါင် ကိုယ်အလေးချိန် ရှိတဲ့ သမီးလေးမွေးဖွားလာချိန်မှာ အံ့သြနေခဲ့ပါတယ်။ Anna ဟာ ၄ နှစ်မပြည့်ခင်မှာ အရပ် ၄ ပေခွဲအထိ မြင့်ခဲ့ပြီး အဲ့ဒီနှစ်မှာပဲ နောက်ထပ် ၇ လက်မ အထိ ထပ်မြင့်လာခဲ့ ပါတယ်။

https://s9.kh1.co/__image/w=650,h=345,q=100/87/876a806bbed06302ea96ace58dbb2e077845a31f.jpg

အသက် ၁၁ နှစ်မှာ ကိုယ်အလေးချိန် ပေါင် ၂၀၀ နီးပါးရှိပြီး အရပ် ၆ ပေ ၂ လက်မ ရှိပြီဖြစ်တာကြောင့် ဖခင်ထက်တောင် ရှည်နေပြီဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=345,q=100/a3/a31b25289fcc3a4a72400e039a4691f81118d782.jpg

၇ နှစ်ကြာတဲ့အခါမှာတော့ အရပ်အမြင့် ၇ ပေ နဲ့ ၁၁ လက်မ ဖြစ်လာခဲ့ပါတယ်။ Anna အမေရိကန် ကို ခရီးထွက်တဲ့အတောအတွင်းမှာတော့ Kentucky ပြည်နယ်က Martin Van Buren Bates ဆိုသူနဲ့တွေ့ဆုံခဲ့ပါတယ်။

https://s9.kh1.co/__image/w=640,h=375,q=100/b1/b120073ba184a470adcd5704626395c3e86d3fb0.jpg

Martin က အရပ် ၇ ပေ ၉ လက်မ ရှိတဲ့ ကွန်ဖက်ဒရိတ်ဗိုလ်ကြီးတစ်ဦးဖြစ်ပြီးတော့ ချစ်စရာကောင်းတဲ့အပြင် စကားပြောချိုသာသူလည်းဖြစ်ပါတယ်။ နှစ်ယောက်သား ချစ်ကျွမ်းဝင်ခဲ့ပြီးတော့ တစ်နှစ်အကြာမှာ လက်ထပ်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=640,h=809,q=100/96/961f8405f8aac6403ef8359707e78911120443f5.jpg

သူတို့ ဇနီးမောင်နှံကို “ကမ္ဘာ့အရပ်အရှည်ဆုံးစုံတွဲ” အဖြစ် လူသိများကြပါတယ်။၁၈၈၈ ခုနှစ်မှာ Anna ကွယ်လွန်ခဲ့ပြီးတော့ သူမဟာ သေဆုံးချိန်မှာ ၄၁ နှစ်အရွယ်သာရှိပါသေးတယ်။ ၁၉၁၉ ခုနှစ် Martin သေဆုံးတဲ့အခါမှာတော့ Anna ရဲ့ ဘေးမှာ မြှုပ်နှံခဲ့ပါတယ်။ ဒီဇနီးမောင်နှံဟာ နှစ်ပေါင်း ၁၅၅ နှစ်ကြာပြီးနောက်မှာတောင် ကမ္ဘာ့အရပ်အရှည်ဆုံးစုံတွဲအဖြစ်ရှိနေဆဲဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T