အားလုံးသိကြတဲ့ အတိုင်းဒီနေ့ခေတ်ကြီးဟာ IT ခေတ်ကြီးဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ ITနည်းပညာတွေနဲ့ ထိတွေ့နေရပါတယ်။ မြင်သာအောင်ပြောရမယ်ဆိုရင် အထူးသဖြင့်လူငယ်တွေရဲ့ နေ့စဉ်ဘဝကြီးမှာ ဖုန်းကအသက်သမျှပါပဲ။ ကျနော်တိုရဲ့ activities တွေ relationship တွေကို ဆိုရှယ်မီဒီယာမှာဖော်ပြတဲ့အခါ အီမိုဂျီလေးတွေကမပါမဖြစ်ပါပဲ။

Facebook တို Ig တိုလို ဆိုရှယ်မီဒီယာတွေမပေါ်ခင်ကတည်းက အီမိုဂျီတွေကအရင်ပေါ်လာခဲ့ကြပေမယ့် အီမိုဂျီသုံးတဲ့သူတွေအနေနဲ့ အီမိုဂျီကိုမှန်အောင် သုံးနိုင်ပြီလား ပြန်ဆန်းစစ်သင့်ပါတယ်။ ပြီးတော့ ကျနော်တိုရဲ့ ဖုန်းတွေထဲက emoji တွေထဲမှာ အသဲပုံရောင်စုံလေးတွေပါတာကို သတိထားမိမှာပါ။ အဲ့ဒီအရောင် တစ်ခုခြင်းစီရဲ့ အဓိပ္ပာယ်ကိုတော့ သိချင်မှသိပါလိမ့်မယ်။ ဒါကြောင့် အသဲအရောင်လေးတွေနဲ့ သူတိုရဲ့အဓိပ္ပာယ်၊ ဘယ်အချိန်မှာပိုသင့်လဲဆိုတာရယ် ပြောပြပေးချင်ပါတယ်။
1. White Heart

အဖြူရောင် အသဲပုံလေးရဲ့ အဓိပ္ပာယ်ကတော့ ဖြူစင်သန့်ရှင်းတဲ့ ချစ်ခြင်းကိုကိုယ်စားပြုပါတယ်တဲ့။ ၁၅၀၀ မဟုတ်ပဲ ၅၂၈ နဲ့ ချစ်ကြတဲ့၊ သားအမိချင်း၊ ညီကိုမောင်နှမချင်း သန့်သန့်ရှင်းရှင်း ချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ်လွင်စေချင်တယ်ဆိုရင် အဖြူရောင်အသဲပုံလေးကို သုံးနိုင်ပါတယ်။
2. Red Heart

အနီရောင် အသဲပုံလေး ကတော့ ပုံမှန်သုံးနေကျ (classic love) ဖြစ်ပြီး အချစ်စစ်ဆိုတဲ့အဓိပ္ပာယ်ကို ဆောင်ပါတယ်။ အချိန်အကြာကြီး ကိုယ်နဲ့အတူရှိလာတဲ့သူတွေ၊ အချစ်ဆုံးသူငယ်ချင်းတွေနဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကိုဖော်ပြဖို အနီရောင်အသဲလေးကိုသုံးနိုင်ပါတယ်။
3. Black Heart

အနက်ရောင် အသဲပုံလေးကတော့ တခုခုကိုခံစားရတဲ့အခါ၊ ဝမ်းနည်းကျေကွဲစရာကြုံရတဲ့အခါ၊ ကိုယ်မကြိုက်တဲ့ ဟာသတစ်ခုခုကိုတွေ့တဲ့အခါ သုံးနိုင်ပါတယ်။
4. Green Heart

အစိမ်းရောင် အသဲပုံလေးကတော့ organic ဆန်ခြင်း၊ ကျန်းမာခြင်းနဲ့ သဝန်တိုခြင်းတိုကို ကိုယ်စားပြုတဲ့ အသဲလေးဖြစ်ပါတယ်။
5. Purple Heart

ခရမ်းရောင် အသဲပုံလေးကတော့ချမ်းသာကြွယ်ဝခြင်း၊ luxury ဆန်ခြင်းနဲ့ ဂရုဏာ တိုကိုပြသတဲ့ အသဲပုံလေးဖြစ်ပြီး အဝတ်အစား၊ အသုံးအဆောင်တိုနဲ့ ပတ်သတ်ရင်လည်း သုံးနိုင်ပါတယ်။
6. Blue Heart

အပြာရောင်အသဲလေးကတော့ ယုံကြည်မှု၊ ချိုမြိန်မှု၊ ငြိမ်းချမ်းမှုနဲ့ သစ္စာရှိမှုတိုကို ဖော်ပြတဲ့ အသဲလေးဖြစ်
ပါတယ်။ ယုံကြည်မှုနဲ့ သစ္စာတရားတိုကို အဓိကထားပြီးသုံးပါတယ်။
7. Organe Heart

လိမ္မော်ရောင်အသည်းလေးကတော့ နွေးထွေးကြင်နာမှုနဲ့ ငြိမ်းချမ်းခြင်းကိုပြတဲ့ လက္ခဏာဖြစ်ပြီး ဂရုစိုက်မှုနဲ့ ကြင်နာမှုတိုကိုလည်း ကိုယ်စားပြုလေ့ရှိပါတယ်။