ကမ္ဘာမြေကို ပြန်ရောက်လာတဲ့ အာကာယာဥ်မှူးတွေကို လူတွေက ဘာကြောင့် သယ်ရတာလဲ....?

//s9.kh1.co/33/33217127e89bb68938f6880f8d4cac45be98afe7.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-လိုင်-၂၀၂၂ ၄pm · လွန်ခဲ့သော ၃ နှစ် က

.


ကမ္ဘာပတ်လမ်းကြောင်းမှာ ရက်ပေါင်းများစွာ လုပ်ငန်းတာဝန်များထမ်းဆောင်ပြီး ကမ္ဘာမြေကို ပြန်ရောက်လာတဲ့ အာကာသယာဥ်မှူးတွေကို လူတွေက ဝိုင်းမပြီး သယ်ဆောင်သွားကြတာကို အားလုံးတွေ့ဖူးမြင်ဖူးကြမယ်ထင်ပါတယ်။ ယာဉ်မှူးတွေက ကိုယ့်ဟာကိုယ် လမ်းလျှောက်ပြီး သွားလို့ရရဲ့သားနဲ့ ဘာလို့လူတွေက သယ်သွားကြတာလဲဆိုတာ သင်သိပါသလား။

https://s9.kh1.co/__image/w=650,h=527,q=100/45/458169bc6b2560bb048ee5f962577dbad79548a8.jpg
Photo Credit - NASA
Photo Credit - NASA
Photo Credit - NASA
Photo Credit - NASA

အများစုကတော့ အာကာထဲက ပြန်လာကြတဲ့ သူတွေဖြစ်လို့ ဂုဏ်ပြုပြီး အရေးတယူ လာရောက်သယ်ကြတယ်လို့ ထင်ကောင်းထင်ကြမှာပါ။ တကယ့်တော့ အာကာသယာဉ်မှူးများဟာ အာကာသလေဟာနယ်ထဲမှာ ရက်ပေါင်းများစွာ နေထိုင်ခဲ့တာကြောင့် ကမ္ဘာမြေရဲ့ ဆွဲအားကို မခံစားနိုင်လို့ပါ။ ဒါကြောင့်ကမ္ဘာမြေပေါ်ကို ရောက်ပြီဆိုတာနဲ့ သူတို့စတင်ခံစားရမှာက ခေါင်းကိုက်ခြင်း ၊ သွေးတိုးခြင်း ၊ မူးဝေခြင်းများအပြင် လမ်းလျှောက်ရင်လည်း အဆင်မပြေမှုများနှင့် ကြုံတွေ့ရပါတယ်။

Photo Credit - NASA
Photo Credit - NASA
Photo Credit - NASA
Photo Credit - NASA

ဒါ့အပြင် ကမ္ဘာမြေပေါ်ကို ပြန်လာတဲ့ အချိန်မှာလည်း အဓိက ကြုံတွေ့ရတဲ့ စိန်ခေါ်မှုကြီးက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာပါ။ အာကာသယာဉ်ဟာ ကမ္ဘာ့လေထုသို့ ပြန်လည်ရောက်ရှိချိန်မှာ ကြုံတွေ့ရတာက အပူရှိန်ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ယာဉ်နှင့်လေအကြား ပွတ်တိုက်မှုကနေ ထွက်လာတဲ့ အပူချိန်က 3,000°F (1,700°C) ထက်ကျော်ထိ ဖြစ်ပေါ်စေပါတယ်။

Photo Credit - NASA
Photo Credit - NASA
Photo Credit -from google
Photo Credit -from google

အခပ်မသင့်ရင်တောင် ယာဥ်မှူးတွေလိုက်ပါလာတဲ့ သတ္တုစပ်အိုးကြီးက အဆိုပါအပူရှိန်ကြောင့် အရည်တောင်ပျော်သွားနိုင်ပါတယ်။  ဒါကြောင့် လူတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းရှာတဲ့ အာကာသယာဥ်မှူးတွေကို သတ္တုစပ်အိုးကြီးထဲကနေ ထွက်လာတာနဲ့ လမ်းမလျှောက်ခိုင်းပဲ သယ်ယူသွားကြတာ ဖြစ်ပါတယ်။

Photo Credit - NASA
Photo Credit - NASA

သတင်း အရင်းအမြစ် Source- NASA


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T