ထူးခြားဆန်းပြားတဲ့ အသုံးအဆောင်တွေကို ဖန်တီးအသုံးပြုခဲ့ကြတဲ့ လူမျိုး

//s9.kh1.co/0c/0c2e17ff4ab7a6385532addc18dbd7684feb2bdf.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-လိုင်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.


မတူညီတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ လူမျိုးစုတွေဟာ ယဥ်ကျေးမှု ရိုးရာအစဥ်အလာ ထုံးတမ်းဓလေ့ ၊ ဝတ်စားဆင်ယဥ်နေထိုင်မှုပုံစံ ၊ အသုံးပြုကြတဲ့ အသုံးအဆောင်ပစ္စည်းတွေက မတူကြပါဘူး။ အချို့လူမျိုးတွေဆိုရင် လူအများအပြား မမြင်ဖူးကြတဲ့ ယဥ်ကျေးမှုနှင့် အသုံးအဆောင်ပစ္စည်းတွေ အသုံးပြုခဲ့ကြတာ တွေ့ရပါတယ်။ အဲ့ဒီလူမျိုးစုတွေထဲမှာ အသုံးအဆောင်ပစ္စည်းတွေကို ထူးထူးခြားခြားပြုလုပ်ပြီး အသုံးပြုခဲ့တဲ့  လူမျိုးကတော့ Lanyu (သစ်ခွ) ကျွန်းမှာ နေထိုင်တဲ့  Tao (တာအို)  လူမျိုးပါ။

Photo Credit – Asian Gallery
Photo Credit – Asian Gallery
Photo Credit – Asian Gallery
Photo Credit – Asian Gallery

တာအို လူမျိုးများ အသုံးပြုခဲ့ကြတဲ့ အသုံးအဆောင်ကတော့ ဦးခေါင်းတစ်ခုလုံးကို စွပ်လို့ရတဲ့ ‌ငွေရောင်သံဦးထုပ်ပါ။ အဆိုပါဦးထုပ်ဟာ ဦးခေါင်းတစ်ခုလုံး လုံခြုံအောင် ဆောင်းထားနိုင်ပြီး အပြင်ကို ကြည့်နိုင်အောင် အပေါက်ငယ်တစ်ပေါက်သာ ဖောက်ထားတာ ဖြစ်ပါတယ်။ ဒီဦးထုပ်ကို သူတို့လူမျိုးတွေ ရန်သူကို တိုက်ခိုက်တဲ့ အချိန် အသုံးပြုခဲ့ကြတယ်ထင်ပါတယ်။ ဒါ့အပြင် ထူးခြားဆန်းပြားတဲ့ ကနူးလှေများကို ဖန်တီးပြုလုပ်ကြပြီး ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်ကြတာ ဖြစ်ပါတယ်။

Photo Credit – Asian Gallery
Photo Credit – Asian Gallery
Photo Credit – Asian Gallery
Photo Credit – Asian Gallery

ယနေ့ခတ်မှာလည်း အဆိုပါ သံဦးထုပ်တွေကို သူတို့ရိုးရာ ပွဲအခမ်းအနားတွေမှာ ဆောင်းကြတာ တွေ့ရပါတယ်။ တာအို လူမျိုးများဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ ခန့်က ဖိလစ်ပိုင်နိုင်ငံ Batanes ကျွန်းစုများမှာနေထိုင်ခဲ့ပြီး နောက်ပိုင်း ထိုင်ဝမ်ကမ်းလွန်မှာရှိတဲ့ Lanyu (သစ်ခွ) ကျွန်းပေါ်ကို ပြောင်းရွှေ့ အခြေချနေထိုင်ခဲ့ကြတာလို့ ဆိုပါတယ်။

Photo Credit – Asian Gallery
Photo Credit – Asian Gallery
Photo Credit – Asian Gallery
Photo Credit – Asian Gallery

ဒါ့အပြင် ကျွန်းပေါ်မှာနေထိုင်ရာမှာလည်း  မုန်တိုင်းဒဏ်ကို မခံရအောင် မြေအောက်တွေမှာပဲ နေထိုင်ကြတာပါ။ လူဦးရေ ၃၀၀၀ ကျော်သာရှိတဲ့ တာအို လူမျိုးများဟာ ရှေးယခင်က တသီးတခြားနေထိုင်ခဲ့ကြပေမယ့် ယခုအခါမှာ သူတို့ရဲ့ အလုပ်အကိုင်နှင့် ပညာရေးအတွက် ထိုင်ဝမ်ပြည်မကြီးကို ပြောင်းရွှေ့နေထိုင်ကြနေပြီဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများကတော့ ယနေ့အချိန်ထိ ထူးခြားနေဆဲဖြစ်ပါတယ်။

Photo Credit – Asian Gallery
Photo Credit – Asian Gallery
Photo Credit – Asian Gallery
Photo Credit – Asian Gallery

သတင်း အရင်းအမြစ် Source - Asian Gallery


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T