ကျားငါးမန်းတစ်ကောင်ရဲ့ ဗိုက်ထဲမှာ တွေ့ရှိခဲ့တဲ့ လူအလောင်း

//s9.kh1.co/3e/3edd080506a30aceba5a56b8ff5a806ad3adc592.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-လိုင်-၂၀၂၂ ၇pm · လွန်ခဲ့သော ၃ နှစ် က

ငါးမန်းစားထားပြီး ၄၈ နာရီပဲ ရှိပါသေးတယ်......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ပြင်သစ်နိုင်ငံ၊ လာ ရီယူနီယန် ကျွန်းကမ်းလွန်မှာ ဖမ်းမိတဲ့ ကျားငါးမန်းရဲ့ ဝမ်းဗိုက်အတွင်းမှာ လူလက်နှစ်ဖက်နှင့် လက်ကောက်တစ်ခုကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ ၁၁ ပေထိရှည်လျားတဲ့ ဒီငါးမန်းကြီးကို အိန္ဒိယ ပင်‌လယ်အော်ထဲမှာ ငါးမန်းတိုက်ခိုက်မှု လျော့ချတဲ့အနေနဲ့ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနေရာဟာလည်း ယနေ့ချိန်ထိကို ငါးမန်းတိုက်ခိုက်မှု များပြားနေဆဲပါပဲ။ ငါးဖမ်းသမားတစ်‌ယောက်နဲ့ ရေလွှာလျှော်စီးသူ တစ်ယောက်လည်း ငါးမန်းတိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/bb/bba3bf51eba419b918dab62adada1f8220df9961.jpg
https://s9.kh1.co/__image/w=650,h=483,q=100/a4/a46be5752201f902896d2c0526afc6a2679263de.jpg

ဖမ်းဆီးခဲ့မိတဲ့ ငါးမန်းကြီးကို သိပ္ပံပညာရှင်မှားက လေ့လာခဲ့ကြရာ အမှတ်မထင်ပဲ လူသားတစ်‌ေယာက်ရဲ့အစိတ်အပိုင်းအချို့ကို တွေ့ခဲ့ရပါတယ်။ ငါးမန်းရဲ့ အစားအိမ်ထဲမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ပညာရှင်တွေပြောကြားချက်အရ ဒီအစိတ်အပိုင်းဟာ ၄၈ နာရီအတွင်းမှာပဲ ရှိနေပါသေးတယ်။ ရေထဲမှာ ပျောက်ဆုံးသွားခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ မိသားစုက ငါးမန်းဝမ်းထဲမှာ တွေ့ရှိခဲ့တဲ့ လက်ကောက်ကြောင့် သူ့ကို အတည်ပြု ဖော်ထုတ်နိုင်ခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=602,h=400,q=100/23/23b761a3d14c2345c5f9a10f1d822eb8f911ecc9.jpeg

အမျိုးသားက ရေနစ်သေပြီး အစားခံရတာလား ဒါမှမဟုတ် ငါးမန်းတိုက်ခိုက်ခံရတာလားဆိုတာတော့ မသိရှိခဲ့ကြပါဘူး။ ဒီကိစ္စနဲ့အလားတူဖြစ်ရပ်တစ်ခုလည်း ရှိခဲ့ပါတယ်။ အဲ့ဒီတုန်းက ကျွန်းအနီးမှာပဲ စကော့တလန်အမျိုးသားတစ်ယောက် ပျောက်ဆုံးခဲ့သွားပါသေးတယ်။ သူရဲ့အမျိုးသမီးက ငါးမန်းထဲမှာ တွေ့ရှိခဲ့တဲ့ လက်စွပ်ကြောင့် သူဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒီလိုငါးမန်းဗိုက်ထဲမှာ လူအစိတ်အပိုင်းတွေ‌ေတွ့ရတာဟာ ယနေ့ခ‌ျိန်ထိ ထိတ်လန့်စရာကောင်းတုန်းပါပဲ။ 

https://s9.kh1.co/__image/w=500,h=665,q=100/5a/5aec65b24eb5e8e7cd377046cfba274bc0a7b80a.jpg
https://s9.kh1.co/__image/w=600,h=450,q=100/f3/f3a556ecbf05d5c4da39e1d0f29fd0067b9d79e0.jpeg

သတင်း အရင်းအမြစ် Dw.com

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T