ဧရာမခြေထောက်ကြီးကို ထူးဆန်းစွာ ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး

//s9.kh1.co/7a/7adc0f35dd3a4437708f7fff43d7822d5c1b1482.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-ဇွန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

သူမရဲ့ခြေထောက်အရွယ်အစားက အံ့ဩစရာပါပဲ.....(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ခြေထောက်နှင့် ခြေဖဝါးများကို ကြီးမားတဲ့အရွယ်အစားအထိ ကြီးထွားလာစေတဲ့ ရှားပါးရောဂါဖြင့် မွေးဖွားလာသူ Fanny ဖန်နီ မေးစ် ဟာ 1880 ခုနှစ်များတစ်လျှောက် “Ohio Big Foot Girl” အဖြစ် ဖျော်ဖြေခဲ့စဉ် လူအုပ်ကြီးကို ဆွဲဆောင်ခဲ့ပါတယ်။ ခါးအပေါ်ပိုင်းပဲဆိုရင်တော့ ဖန်နီ မေးစ်ဟာ ပုံမှန်မိန်းကလေးတစ်ယောက်ပါပဲ။ ဲဒါပေမယ့် သူ့ရဲ့အောင်မြင်မှုဟာ‌ ခြေထောက်ကနေ စခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=887,q=100/09/09a07504c0cb6bfa1310cb40ea539bdd1c80e4bd.jpg

“Ohio Big Foot Girl” လို့လည်း ခေါ်တဲ့ မေးစ်မှာ သူမရဲ့ ခြေဖဝါးများကို အံ့မခန်းအရွယ်အစားအထိ ကြီးထွားစေတဲ့ အခြေအနေတစ်ခုရှိပါတယ်။ ၁၈၈၅ ခုနှစ်ကနေ ၁၈၈၇ ခုနှစ်ထိ မေးစ်ဟာ သူမရဲ့အခြေအနေကနေ ထွက်ဖို့ ပြုလုပ်ခဲ့ပါတယ်။ သူမဟာ အရှေ့ဘက်ကမ်းရိုးတန်းအပေါ်နှင့် အောက်ပိုင်းက ခေါင်းနှစ်လုံးပါတဲ့ နွား‌ပေါက်‌လေးများလို ထူးဆန်းတဲ့ အထင်ကရအရာများကို ပြသထားတဲ့ သေးငယ်တဲ့ ပြတိုက်များတွင် “ဖျော်ဖြေ” ခဲ့ပါတယ်။

https://s9.kh1.co/__image/w=553,h=709,q=100/51/511ec0f32bed7b244e9f52130839c75c742e416d.jpg

ပရိသတ်တွေက သူမကို လာကြည့်ကြပါတယ်။ ရလဒ်အနေဖြင့် မေးစ်ဟာ တစ်ခါတစ်ရံ တစ်ပတ်ကို ဒေါ်လာ 4,000 အထိ ရရှိနိုင်ခဲ့ပါတယ်။ အဲ့ခေတ်အခါက ငွေကြေးဟာ ဒီနေ့အချိန် ငွေကြေးထက် ပိုတန်ဖိုးရှိပါတယ်။ ဖန်နီ မေးစ်ဟာ အင်္ဂလန်နိုင်ငံ၊ ဆက်စစ်မြို့ 1859 ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ တကယ်တော့ Milroy's Disease ဟာ သူမရဲ့ ခြေထောက်များနှင့် ခြေဖဝါးများကို ကြီးမားတဲ့ အတိုင်းအတာအထိ ကြီးစေခဲ့တာပါ။ သူမရဲ့ ခြေထောက်ဟာ ၁၇ လက်မထိရှိပြီး Size 30 ရှိတဲ့ ဖိနပ်ကို ဝတ်ရပါတယ်။

https://s9.kh1.co/__image/w=559,h=917,q=100/8b/8b827cb5174e45b3e5808a34ead8b31b5288538e.jpeg

" The Ohio Big Foot Girl " ဆိုတဲ့နာမည်ကို သူမရရှိခဲ့ချိန်မှာတော့ မိဘတွေက ယူအက်စ် ကိုရွှေ့ပြောင်းခဲ့ပါတယ်။ သူ့အဖေက သူ့သမီးနဲ့လက်ထပ်လိုတဲ့ ဘယ် ယောက်ျားမဆို ခန်းဝင်ပစ္စည်း ဒေါ်လာ ၅၀၀၀ နဲ့ လယ်မြေကောင်းတစ်ခုကို ပေးမယ်ဆိုတဲ့အကြောင်း ကြော်ငြာလိုက်ပါတယ်။ သူမကို လက်ထပ်ခဲ့သူကတော့ ဝီလျံဘရောင်းဆိုတဲ့သူဖြစ်ပြီး သူဟာလေးစားဖို့ ထိုက်တန်ခဲ့ပါတယ်။ သူတို့ဟာ ၁၈၈၆ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ဩဂုတ်လ ၁၈၈၇ ခုနှစ်မှာ ကလေးမွေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖန်နီ ဟာ သူမကလေး‌မွေးပြီး ၁၂ နှစ်အကြာ ၁၈၉၉ ခုနှစ် အသက် ၃၉ မှာ သေဆုံးခဲ့ပါတယ်။

https://s9.kh1.co/__image/w=512,h=787,q=100/12/12e66dfa42192691fc06f9d13c93f5558c01adec.webp

သတင်း အရင်းအမြစ် All That Interesting

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T