ယောကျာ်း ၊ မိန်းမ မခွဲခြားဘဲ အဝတ်ဗလာဖြင့် ပါဝင်ဆင်နွှဲကြတဲ့ ရိုးရာပွဲတော်

//s9.kh1.co/86/868e88c0b60a342c0b36716da6705b62c059354f.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-ဇွန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော တစ်နှစ် က

.

သြစတြေးလျနိုင်ငံမှာ ဆောင်းရာသီကျင်းပတဲ့ Dark Mofo လို့ခေါ်တဲ့ ထူးထူးခြားခြား ပွဲတော်တစ်ခုကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ Dark Mofo ပွဲတော်က ဆောင်းတွင်းကားလမှာ ကျင်းပကြတဲ့ ရိုးရာပွဲတော်တစ်ခုပါ။ ဒါကတော့ Cairns မြို့ရဲ့ အပူချိန် ၅ ဒီဂရီမျှသာရှိတဲ့အချိန် အေးစက်နေတဲ့ Hobart's River Derwent မြစ်အတွင်း ယောကျာ်း ၊ မိန်းမ မခွဲခြားဘဲ ကိုယ်လုံးတီးဖြင့် ပျော်ပျော်ပါးပါး ရေကူးဆင်နွှဲကြတာ ဖြစ်ပါတယ်။

Photo Credit - ABC News / Form Google
Photo Credit - ABC News / Form Google
Photo Credit - ABC News / Form Google
Photo Credit - ABC News / Form Google

ဒီရိုးရာပွဲတော်ကို သြစတြေးလျတစ်ဝှမ်းက လူပေါင်း ၂၀၀၀ လောက်က လာရောက်ပါဝင်ဆင်နွှဲကြတာ ဖြစ်ပါတယ်။ ပွဲတော် ကျင်းပပုံကတော့ ပါဝင်ဆင်နွှဲကြသူများက နေမထွက်မီ မြစ်ကမ်းစပ်မှာ လာရောက် စုရုံးကြပြီး နံနက် ၇ နာရီကျော်တာနဲ့ ဝတ်ဆင်ထားကြတဲ့ အင်္ကျီများနှင့် မျက်နှာသုတ်ပုဝါများကို ချွတ်ချကာ ရေထဲသို့ အလုံးအရင်းဖြင့် ပြေးဆင်းကြတာ ဖြစ်ပါတယ်။ အေးစက်နေတဲ့ မြစ်အတွင်းမှာ ကိုယ်လုံးတီးဖြင့် ရေကူးခြင်းဟာ အအေးဒဏ်ကိုလည်း ခံနိုင်သလို ကြောက်ရွံ့မှုများကိုလည်း ဖြေဖျောက်စေတယ်လို့ ပွဲတော်ပါဝင်သူများက ခံယူထားကြတာ ဖြစ်ပါတယ်။

Photo Credit - ABC News / Form Google
Photo Credit - ABC News / Form Google
Photo Credit - ABC News / Form Google
Photo Credit - ABC News / Form Google
Photo Credit - ABC News / Form Google
Photo Credit - ABC News / Form Google

Dark Mofo ပွဲတော်ကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကမှ စတင်ကျင်းပတာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက မြစ်အတွင်း ရေကူးနေသူများအား အချို့က မဖွယ်မရာပြုခဲ့တာကြောင့် နောက်နှစ်ပွဲတော်ကို ရပ်နားခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်မှာ ပြန်လည်ကျင်းပနိုင်ဖို့ စီစဉ်ခဲ့ကြပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။ ယခုမှာတော့ Dark Mofo ပွဲတော်ကို Hobart အနီးတစ်ဝိုက်မှာ Reclamation လမ်းလျှောက်ခြင်းဖြင့်သာ  စတင်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit - ABC News / Form Google
Photo Credit - ABC News / Form Google
Photo Credit - ABC News / Form Google
Photo Credit - ABC News / Form Google

သတင်း အရင်းအမြစ်Source - ABC News

Zin Myo
Zin Myo

ဆက်စပ်သတင်း

Copyright Mediaload