အသက် ၇၈ နှစ်ရှိပြီ ဖြစ်တဲ့ David Glasheen ဟာ ၁၉၉၇ ခုနှစ်ကတည်းက မြောက်ပိုင်းကွင်းစလန်ကမ်းလွန်ရှိ ပြန်လည်ထူထောင်ရေးကျွန်းမှာ နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ နေရတာ ပိုအန္တရာယ်များလာပါတယ်။ ၁၉၈၇ ခုနှစ်က Black Tuesday ဆိုတဲ့ စီးပွားရေ ကပ်ဆိုက်မှုအပြီးမှာ အိမ်ကို ဆုံးရှုံးရပြီးနောက် ဩစတလျေးနိုင်ငံ ဆစ်ဒနီမြို့ကနေ သူရဲ့ချမ်းသာတဲ့ဘဝကို စွန့်လွှတ်ပြီး ၁၉၉၀ လောက်မှာ Cape York ကျွန်းဆွယ်ကို ရွှေ့ပြောင်းခဲ့ပါတယ်။
ဒါပေမယ့် သူ့အသက် ၈၀ နားလောက်မှာ ဒေးဗစ်က တစ်ယောက်တည်းအထီးကျန်စွာ ဖြတ်သန်းရတဲ့ သူ့ဘဝဟာ ပိုမိုခက်ခဲလာကြောင်း ပြောခဲ့ပါတယ်။သူ့ခန္ဓာကိုယ်ဟာ ပြောင်းလဲလာပြီး နေ့ရက်တွေကြာလာတာနဲ့အမျှ အထီးကျန်နေတဲ့ သူ့ဘဝက ကျန်းမာရေး အလှည့်အပြောင်းဖြစ်ရင် ပြဿနာဖြစ်လာနိုင်ပါတယ်။ David ဟာ သူရဲ့ သီးသန့်နေထိုင်မှုပုံစံမှာ ပါဝင်ရန် အချို့ကို ပန်ကြားထားပေမယ့် ဘယ်သူမှ သူနဲ့အတူ မပါဝင်ကြောင်း Mail Online ကဖော်ပြခဲ့ပါတယ်။ သူဟာ လစာပေးဖို့တော့ မတတ်နိုင်ပါဘူး။ ဒါပေမယ့် လူလတ်ပိုင်း အတွဲတွေက သူ့ကိုကူညီဖို့နဲ့ ထောက်ပံဖို့တော့ လာရောက်လေ့ရှိပါတယ်။
သူ့အနေနဲ့ ၂၅ နှစ်ကြာပြီးနောက်မှ သူ့ရဲ့ မွေးရပ်မြေကို ပြန်ဖို့ဆိုတာ ရွှေးချယ်စရာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။ သူ့အနေနဲ့ ကမ္ဘာကြီးကနေ အပယ်ခံထားရတာ ပျော်ရွှင်ပါတယ်။ Covid ကာလမှာတောင် သူ့နေထိုင်မှုဟာ မပြောင်းလဲခဲ့ပါဘူး။ ဒေးဗစ်ဟာ ပထမဆုံး ပြောင်းရွှေ့တုန်းက သူနဲ့အတူ အင်္ကျီသုံးထည်၊ ဘောင်းဘီတို နှစ်ထည်၊ မီးရှူးတိုင်၊ ငရုပ်သီးမှုန့် ပုလင်း၊ စာအုပ်များ၊ သွားတိုက်တံနှင့် သွားတိုက်ဆေးတို့သာ ပါဝင်ခဲ့ပါတယ်။ အခုချိန်မှာဆိုရင် သူ့မှာ ဆိုလာအင်တာနက် ရှိနေပြီဖြစ်ပြီး စာအုပ်များလည်း ပိုရှိနေပါပြီး။ အဲ့ဒီအပြင် မီရမ်ဒါနဲ့ ဖီလစ်ဆိုတဲ့ အရုပ်မနှစ်ခုလည်း ရှိပါသေးတယ်။ သင်္ဘောလေးနဲ့ပတ်ရောင်းတဲ့ ကုန်စုံဆိုင်ကိုလည်း ပိုင်းထားပါသေးတယ်။
သတင်း အရင်းအမြစ်៖ The Sun