လူတိုင်းနဲ့ရင်းနှီးနေပြီးသားဖြစ်နိုင်တဲ့ ပိုကီမွန်ကောင်လေးတွေကို ပုံမှန်ဆိုရင်တော့ ဘယ်သူကမှ တကယ်ရှိရင်ဆိုပြီး တွေးဖူးကြမှာမဟုတ်သလို သူတို့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းထဲမှာလည်း ဘာတွေရှိမလဲဆိုတာ စဥ်းစားမိကြမှာမဟုတ်ပါဘူး။ဒါပေမဲ့ ဇီဝဗေဒပညာရှင်တစ်ယောက်က ပိုကီမွန်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာတွေရှိလဲဆိုတာကို စိတ်ကူးယဥ်ပြီး အသေးစိတ် ပုံဆွဲပြသပေးထားပါတယ်။

ဇီဝဗေဒပညာရှင် TheChristopherStoll ဆိုသူဟာ Reddit ပေါ်မှာ တိုဂီပီဆိုတဲ့ ပိုကီမွန်တစ်ကောင်ရဲ့ ခန္ဓာဗေဒကို အသေးစိတ်ရေးဆွဲပြသခဲ့တာဖြစ်ပါတယ်။အသေးစိတ်ရေးဆွဲထားယုံသာမက အဲ့အကောင်လေးကအပြင်မှာတကယ်ရှိသလိုမျိုး Label တွေတောင်ရေးထိုးထားပါသေးတယ်။

အရင်တုန်းကလည်း အဲ့လိုမျိုးပိုကီမွန်တွေရဲ့ ခန္ဓာကိုယ်ပုံတွေကို အင်တာနက်ပေါ်မှာခဏခဏမြင်ဖူးကြမှာပါ။ဒီတစ်ကောင်တည်းကိုတောင် ဖန်တီးရေးဆွဲထားတာမဟုတ်ပဲ Pokenatomy စာအုပ်ဆိုပြီးတော့တောင် ပိုကီမွန်တွေအများကြီးရဲ့ ခန္ဓာဗေဒတွေကို ရေးဆွဲထားတဲ့စာအုပ်တစ်အုပ်တောင်ရှိပါတယ်။

သူဆွဲထားတဲ့ ပိုကီမွန်တွေရဲ့ ခန္ဓာဗေဒပုံတွေကိုလည်း အောက်မှာဖော်ပြပေးလိုက်ပါတယ်။



