အမျိုးသားတစ်ယောက်ရဲ့ ဗိုက်ထဲမှာ အကြွေး‌စေ့များ၊ ဘက်ထရီများနဲ့ ၀က်အူများ တွေ့ရှိ

//s9.kh1.co/c8/c8a25a7f8d346b71c60251253ae9d4f6f42a839d.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-ဇွန်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

သူဗိုက်ထဲမှာ အရာပေါင်း ၂၃၃ ခုကို တွေ့ခဲ့တာပါတဲ့နော်.....(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

အမျိုးသားတစ်ယောက်ရဲ့ ဗိုက်ထဲမှာ အကြွေးစေ့များ၊ သံများ၊ ဘက်ထရီးများ၊ ဖန်အတုံး အစလေးများနဲ့ တခြားအရာများကို တွေ့ရှိခဲ့ရတ‌ာကြောင့် ဆရာ၀န်တွေ ခေါင်းကိုက်ခဲ့ကြပါတယ်။ တူရကီနိုင်ငံက ဘာဟန် ဒီမီယာဟာ ဗိုက်နာတယ်ဆိုပြီး ညည်းညူနေတာ‌ကြောင့် ညီဖြစ်သူက ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဆေးရုံရောက်တော့ ဆရာ၀န်တွေက ဓာတ်မှန်ရိုက်ကြည့်တော့ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဒီလူရဲ့ ဗိုက်ထဲမှာ အရာပေါင်း ၂၃၃ ခုကို တွေ့ရှိခဲ့ရတာမို့ အံ့ဩခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=540,h=299,q=100/0e/0e9d3deedf718499cef1cc282e476b33e8cba832.webp

အဲ့ထဲမှာဆိုရင် ဒင်္ဂါများ၊ ဘက်ထရီများ၊ သံလိုက်များ၊ သံများ၊ ဖန်အပိုင်းအစများ၊ ကျောက်တုံးလေးများနဲ့ ၀က်ပူများ ပါ၀င်ပါတယ်။ နောက်ပိုင်းတွင် ခွဲစိတ်ဆရာဝန်များဟာ Z လို့သာ အမည်ပေးထားတဲ့ လူနာဆိကနေ ပစ္စည်းများကို ဖယ်ရှားခဲ့ပါတယ်။ Dr Binici လို့သာ အမည်ပေးထားတဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးက ''ခွဲစိတ်မှုအတွင်း လက်သည်းခွံတစ်ခု သို့မဟုတ် နှစ်ခုက အစာအိမ်နံရံကို ဖြတ်သွားတာကို တွေ့ခဲ့ရပါတယ်။ အူမကြီးထဲမှာ သတ္တုအပိုင်းအစနှစ်ခုနဲ့ အရွယ်အစားအမျိုးမျိုးရှိတဲ့ ကျောက်တုံးနှစ်တုံးကို တွေ့ခဲ့ရတယ်။ ဘက်ထရီ၊ သံလိုက်၊ လက်သည်းတွေ၊ ဒင်္ဂါးပြားတွေ၊ ဖန် အပိုင်းအစတွေနဲ့ ဝက်အူတွေ ပါနေတာကို တွေ့ရှိခဲ့တယ်။ "

https://s9.kh1.co/__image/w=620,h=623,q=100/03/0303aa7495305828504abc6ec316c03569472653.jpg
https://s9.kh1.co/__image/w=540,h=299,q=100/fd/fd033779f9a5f77dc1344e1622e5cd49da70c9df.webp

" ကျွန်​​တော်​တို့က သူ့ဗိုက်​ကို လုံးဝသန့်​စင်​​အောင်​လုပ်​​ပေးခဲ့ပါတယ်။ ဒါဟာ အရွယ်ရောက်ပြီးသူတွေမှာ တွေ့ရတဲ့ အခြေအနေမျိုး မဟုတ်ဘူး၊ အများစုကတော့ ကလေးဘဝကဖြစ်ပြီး မသိစိတ်က တခြားခန္ဓာကိုယ်ကနေ မျိုချမိသလိုမျိုးပါ။ ဒါကို စိတ်ရောဂါဝေဒနာရှင်များ၊ အကျဉ်းသားများမှာ တွေ့မြင်နိုင်ပါတယ်။ " လို့ပြောပြခဲ့ပါတယ်။ ခွဲစွဲမှုပြုလုပ်ခဲ့တဲ့အချိန်ကို ရှင်းရှင်းလင်းလင်းမသိရပေမယ့် ပြည်တွင်းမီဒီယာဖော်ပြချက်အရ ဇွန်လ ၁၅ ရက်နေ့ကလို့ ဖော်ပြခဲ့ပါတယ်။ ဘာဟန်က "သူတို့ရဲ့ အာရုံစိုက်မှုနဲ့ ပံ့ပိုးမှုတွေအတွက် ဆရာဝန်တွေကို ကျေးဇူးတင်ပါတယ်။" လို့ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=540,h=299,q=100/5c/5cb8b3cdf5567284fd6c0ab01132712a4bedf0f0.webp

သတင်း အရင်းအမြစ်Metro

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T