ဧရာမမြွေကြီးရဲ့ သားကောင်အဖြစ် ကိုယ်တိုင်စမ်းသပ်ခဲ့တဲ့ အမျိုးသား

//s9.kh1.co/d1/d1fa1a5cb721fc73ae38476de697f00a047981fb.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-ဇွန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

မိမိကိုယ်ကို အရှည်ပေ ၂၀ ရှည်လျားတဲ့ စပါးကြီးတစ်ကောင်ရဲ့သားကောင်အဖြစ် စမ်းသပ်ခဲ့ဖူးတဲ့ အသက် ၂၇ ခုနှစ် အရွယ် Paul Rosolie ကို သိကြမယ်လို့ ထင်ပါတယ်။ Paul Rosolie ဟာ အမေရိကန်တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ပညာရှင်တစ်ဦးဖြစ်ပြီး တောင်အမေရိကရှိ အမေဇုန်မြစ်ဘေးက ၁၈ ကောင်မြောက် တောတွင်း စပါးကြီးမြွေတစ်ကောင်ကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Daily Star
Photo Credit - Daily Star

အဆိုပါ စမ်းသပ်ခဲ့တဲ့ မှတ်တမ်းဟာ၂၀၁၄ ခုနှစ်က Discovery Channel မှာ 'Eaten Alive' မှတ်တမ်းရုပ်ရှင်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပထမဆုံးထုတ်လွှင့်ခဲ့တာပါ။ မှတ်တမ်းမှာတော့ Paul Rosolie ဟာ စပါးကြီးမြွေရဲ့ ရစ်ပတ်ပြီး အမဲလိုက်ခြင်းကို ခံနိုင်ရည်ရှိအောင် သူ့ရဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးကို သံချပ်ကာဝတ်စုံ ဝတ်ထားပြီ အနီးကပ် မှတ်တမ်းတင်နိုင်ဖို့လည်း ကင်မရာများ တပ်ဆင်ထားခဲ့ပါတယ်။

Photo Credit - Daily Star
Photo Credit - Daily Star

အနီးအနားမှာတော့ သူ့ရဲ့ ဇနီးဖြစ်သူ အပါအဝင် အဖွဲ့သားတွေအားလုံးကလည်း စောင့်ကြည့်နေခဲ့ရပါတယ်။ မြွေရဲ့ သဘာဝအလျောက် အမဲလိုက်ခြင်းမှာ Paul Rosolie ဟာ ဦးခေါင်းနှင့် လက် အနည်းငယ် အမြိုခံရပါတယ်။ မိနစ်အနည်းငယ်ကြာမှာတော့ စိတ်ခြောက်ခြားကာ သူ့ရဲ့ အဖွဲ့သားတွေကို အကြောင်းကြားပြီး စမ်းသပ်မှုကို လက်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။ သံချပ်ကာ တစ်ကိုယ်လုံးကို ဝတ်ဆင်ထားပေမယ့် မြွေကြီးနဲ့ ညှစ်အားကြောင့် အရိုးများ ကျိုးကြေမွလာသလို ခံစားလာတာကြောင့် သူ့ရဲ့ စမ်းသပ်မှုကို အချိန်မီ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Source - Daily Star/ Discovery Channel

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T