ဒဏ္ဍာရီထဲက ပျောက်ဆုံးနေတဲ့ ရှေးဟောင်း မြို့ကြီး

//s9.kh1.co/e8/e83d66f21df53c36865bc92148a24ab78275a140.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-ဇွန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အလက်ဇန္ဒြီးယားအနီးရှိ Heracleion ရဲ့ နစ်မြုပ်နေတဲ့မြို့ပျက်ကြီးကို ပြန်လည် ရှာဖွေတွေ့ရှိမှုဟာ ဒဏ္ဍာရီများစွာကို လက်တွေ့ကျကျပုံဖော်နိုင်ခဲ့ပါတယ်။  Sunken City of Heracleion ဟာ ဒဏ္ဍာရီဆန်ဆန်ကနေ လက်တွေ့ဖြစ်လာတဲ့ အထင်ရှားဆုံး ဥပမာများထဲမှ တစ်ခုဖြစ်ပါတယ်။ ဒီမြိုဟောင်းကြီးကတော့  ရှေးခေတ်အီဂျစ်တို့ရဲ့ အထင်ရှားဆုံးမြို့ကြီးလို့ ဆိုပါတယ်။  ဒါပေမယ့် ဘယ်လိုကြောင့် ရေအောက်ထဲကို နစ်မြုပ်ပျောက်ဆုံး သွားတာလဲဆိုတာကတော့ စိတ်ဝင်စားစရာ အဖြစ်ရှိနေခဲ့ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

Heracleion မြို့ကိုတော့ ၂၀၀၀ ခုနှစ်က Alexandria ပြည်နယ်ရှိ Abukir Bay မြို့ရဲ့ အနောက်ဘက်ခြမ်း ကမ်းရိုးတန်းမှ ၆.၅ ကီလိုမီတာအနက် ၄၅ မီတာလောက်မှာ ရှေးဟောင်း အီဂျစ်ဘုရားကျောင်းတစ်ခုနှင့် အတူ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ ရှေးဂရိတွေးခေါ်ရှင်များစွာက  ၎င်းတို့စာအုပ်များစွာမှာ ပျောက်ဆုံးနေတဲ့ အီဂျစ်မြို့ရဲ့ အကြောင်းကို ဖော်ပြခဲ့ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

မြို့တော်ဟာ နှစ်ပေါင်း ၁၅၀၀ ခန့် ရှင်သန်ကြီးထွားခဲ့ပြီး ပင်လယ်ရေအောက် မနစ်မြုပ်မီအချိန်တုန်းက  ၁၁ ကီလိုမီတာ ၁၅ ကီလိုမီတာ (၆.၈ x ၉.၃ မိုင်) ဧရိယာ ကျယ်ဝန်းခဲ့တယ်လို့ ဆိုပါတယ်။ မြို့တော်ကို ပြန်လည်ရှာတွေ့ချိန်မှာတော့ ရေငုပ်သမားများဟာ Amun-Gerb ရဲ့ အဓိကဘုရားကျောင်း၊ ဧရာမဖာရိုရုပ်တုများ၊ သေးငယ်တဲ့ နတ်ဘုရားများ နှင့် နတ်မရုပ်ပွားတော်ရာပေါင်းများစွာ၊ စဖိန်းရုပ်တုများ၊ ရှေးဟောင်းသင်္ဘော ၆၄ စင်း၊ ကျောက်ဆူးပေါင်း ၇၀၀ ကျော်အပါအဝင် မပျက်စီးသေးဘဲ ရှိနေတဲ့ မြို့တော်ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရှာတွေ့ခဲ့တဲ့ အထဲမှာ  ဂရိနှင့် ရှေးခေတ်အီဂျစ်ကမ္ပည်းစာများ၊ ရွှေဒင်္ဂါးပြား များ၊ ကြေးနှင့် ကျောက်အလေးများလည်း ရရှိခဲ့ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ရှေးဟောင်း သုတေသန ပညာရှင်များကတော့  ယင်းမြို့ကြီးဟာ ငလျင်များ ဆက်တိုက် လှုပ်ခတ်မှုကြောင့် ရှေးဟောင်း ကျွန်းကို ပျက်စီးစေခဲ့တာလို့ ယူဆခဲ့ကြပါတယ်။ ငလျင်လှုပ်ပြီးနောက်မှာလည်း ကြီးမားတဲ့ ဆူနာမီဖြစ်ပေါ်ခဲ့တာကြောင့် မြို့တော်ဟာ ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒဏ္ဍာရီ ထဲက ပျောက်ဆုံးနေတဲ့ Heracleion မြို့ပြန်တွေ့ခဲ့တာဟာ ပညာရှင်တွေအတွက် ကြီးမားတဲ့ ရှာဖွေမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source – Ancient Archaeology

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T