ဖုန်းထဲမှာတစ်ခါတည်း ဆင်းမ်ကဒ်ထည့်ပေးထားပြီးသား eSIM နည်းပညာဆိုတာဘာလဲ

//s9.kh1.co/38/3872c5b8a4e71d6f268af59b9f065f539d9dabbb.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-ဇွန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

eSIM ကအဆင်းရော၊အချင်းရော ရိုးရိုးဆင်းမ်ကဒ်တွေနဲ့ လုံးဝတခြားစီပါ

ခုခေတ်ကြီးထဲမှာ ဆင်းမ်ကဒ်တွေနဲ့ကင်းသူဆိုတာမရှိပါဘူး။ဖုန်းတစ်လုံးစဝယ်ပြီဆိုတာနဲ့ တစ်ခါတည်း ဆင်းမ်ကဒ်တစ်ကဒ်ပါ တခါတည်းဝယ်ပြီး ထည့်သွင်းအသုံးပြုရပါတယ်။ခေတ်တွေတဖြည်းဖြည်းပြောင်းပြီး ဖုန်းတွေကအမျိုးအစားပေါင်းစုံပြောင်းလာပေမဲ့ ဆင်းမ်ကဒ်ကတော့ ပုံစံတစ်ခုထဲမှာပဲ တော်တော်ကြာကြာရှိနေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/24/24f4903d4b66d86fc598fd95cc75b7c592a93ba3.png

ဒါပေမဲ့ခုနောက်ပိုင်းမှာ eSIM ဆိုတဲ့အသုံးအနှုန်းကို နေရာတော်တော်များများမှာ ကြားလာရပါပြီ။အရှည်ကောက် Electronic Sim Card လို့ခေါ်တဲ့အဲ့ဒီဆင်းမ်ကဒ်တွေဟာ အရင်ဆင်းမ်ကဒ်နဲ့အလုပ်လုပ်ပုံတူပေမဲ့ အများကြီးကွာခြားသွားတဲ့နေရာတွေရှိပါတယ်။ဖုန်းတိုင်းမှာလည်း eSIM ကိုအသုံးပြုလို့မရနိုင်ပါဘူး။

https://s9.kh1.co/__image/w=650,h=470,q=100/19/192a99c9638c1413c0b1adcb450be8e8be50e350.png

eSIM သုံးလို့ရတဲ့ဖုန်းတစ်လုံးဟာ စကတည်းက ဆင်းမ်ကဒ်ဝယ်စရာမလိုတော့ပဲ ဖုန်းထဲမှာတစ်ခါတည်း ဆင်းမ်ကဒ် Build-in ပါပြီးသားပါ။ဒါပေမဲ့ဆင်းမ်ကဒ်နံပါတ်တော့ မပါလာသေးပါဘူး။eSIM ဝန်ဆောင်မှုပေးတဲ့ အော်ပရေတာဆီကနေ ကိုယ်က eSIM ပရိုဖိုင်တစ်ခုဝယ်ပြီး စာရင်းသွင်းပြီး အသုံးပြုရမှာဖြစ်ပါတယ်။ပြောရမယ်ဆို အပြင်ကသက်သက် ဆင်းမ်ကဒ်ကြီးတစ်ခုသွားဝယ်၊ဖုန်းထဲထည့်စရာမလိုတော့ပဲ အွန်လိုင်းပေါ်မှာတင် အကုန်အလုပ်ဖြစ်နိုင်တာမျိုးပါ။အရွယ်အစားကလည်း အခုသေးလှပါတယ်ဆိုတဲ့ ဆင်းမ်ကဒ်တွေထက်ကို တဝက်လောက်ပိုသေးလို့ နေရာလည်းလုံးဝမယူပါဘူး။

https://s9.kh1.co/__image/w=650,h=382,q=100/7f/7f8d06c3d3e1066b1999bd7cacd22e2c5e2001a0.png

သုံးရတာမကြိုက်တော့ရင်လည်း ကိုယ်တခြားကြိုက်တဲ့ အော်ပရေတာတစ်ခုကိုဒီ eSIM နဲ့ပဲပြန်ပြောင်းသုံးနိုင်ပါတယ်။ဖုန်းထဲမှာတင်မဟုတ်ပဲ တခြားလျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ ဒရုန်းတွေ၊ကင်မရာတွေ၊GPS Device တွေမှာလည်း eSIM တစ်ခါတည်းပါလာနိုင်ပါတယ်။

eSIM ကိုတစ်ခါတလေ နည်းပညာနာမည်ဖြစ်တဲ့ eUICC (Embedded Universal Circuit Card) လို့ခေါ်ကြပြီး Virtual Sim ကဒ်လို့လည်းခေါ်ဆိုနိုင်ပါသေးတယ်။ဒီလိုမျိုး ဆင်းမ်ကဒ်ကိုတခါတည်းအသေထည့်ပေးထားတဲ့နည်းပညာဟာ တခြားလျှပ်စစ်ကားတွေ၊ဆန်ဆာပါတဲ့ပစ္စည်းတွေဖြစ်တဲ့ Internet of Things(IoT) တွေအတွက်လည်း အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။

https://s9.kh1.co/__image/w=650,h=362,q=100/e4/e40c7091c75897b790b182a33b2a32d7177ec489.png

လက်ရှိ eSIM အသုံးပြုနိုင်တဲ့ဖုန်းတွေကတော့ iPhone X ကလို့ 13 ထိစီးရီးတွေ၊Huawei Flagship ဖုန်းတွေ၊Google ရဲ့ Pixel ဖုန်းတွေနဲ့ Samsung Flagship ဖုန်းတချို့ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/ef/ef27d3c897d97ade6130d694511e7f25d90b14ba.png
Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T