1975 ခုနှစ်တွင် အမျိုးသားတစ်ဦးဟာ အပြာရောင်အသားအရည်ဖြင့် မွေးဖွားလာတဲ့အခါ ဆရာဝန်များကို အံ့ဩတုန်လှုပ်စေခဲ့ပါတယ်။ Ben Stacy ၃၇ နှစ်ဟာ Troublesome Creek၊ Kentucky၊ US မှ မိသားစုတစ်စုနဲ့ တူနေခဲ့ပါတယ်။ ပြင်သစ်လူမျိုးမိဘမဲ့ Martin Fugate နဲ့ သူ့ဇနီး Elizabeth Smart တို့ ပေါင်းစည်းခဲ့တဲ့ Fugate မိသားစုဇာတ်လမ်းက 1820 ခုနှစ်မှာ စတင်ခဲ့တာပါ။ Martin တွင် အလွန်ရှားပါးတဲ့ မျိုးရိုးဗီဇချို့ယွင်းချက်တစ်ခုရှိခဲ့ပြီး အဲ့ဒီချို့ယွင်းချက်ဟာ တစ်ကမ္ဘာလုံးရှိ လူဦးရေရဲ့ 0.0035% ကိုသာ သက်ရောက်မှုရှိနိုင်ပြီး အဓိပ္ပာယ်မှာ သွေးဟာ ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင် လုံလောက်စွာ မသယ်ဆောင်နိုင်ကြောင်း ဆိုလိုပါတယ်။

ဒါဟာ သွေးအညိုရောင်ပြောင်းသွားခြင်းဖြစ်ပြီး အဖြူရောင်လူနာများရဲ့ အရေပြားဟာ ပြာသွားကာ သူတို့ရဲ့နှုတ်ခမ်းများ ခရမ်းရောင်သို့ ပြောင်းလဲသွားနိုင်ပါတယ်။ Martin နှင့် Elizabeth တို့ဟာ သားသမီးခုနှစ်ဦးရှိခဲ့ပြီး လေးဦးမှာ မျိုးရိုးဗီဇမပျက်စီးနိုင်တဲ့ methemoglobinemia ကြောင့် အပြာရောင်အသားအရေဖြင့် မွေးဖွားလာကြပါတယ်။ ကိုယ့်မိသားစုထဲက လူကိုပြန်မယူပါက ဒီလိုအသားအရောင်ပြောင်လဲသွားတဲ့ဖြစ်စဉ်ဟာ အနာဂတ်ကလေးတွေမှာ ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း မိသားစုဟာ အလွန်အထီးကျန်နေသဖြင့် Fungates များဟာ အခြားသူများနှင့် မရောနှောဘဲ သူတို့ရဲ့ဝမ်းကွဲများနှင့် လက်ထပ်ခဲ့ပါတယ်။

မာတင်နှင့် အဲလိဇဘက်ရဲ့ သားသမီးများထဲမှ တစ်ဦးဖြစ်တဲ့ Zacharia ဟာ သူ့အဒေါ်နှင့် ထူးထူးခြားခြား လက်ထပ်ခဲ့ပြီး နောက်ထပ်သားကတော့ ဝမ်းကွဲတစ်ဦးနှင့် လက်ထပ်ခဲ့ပါတယ်။ Zacharia ရဲ့သား Levy ဟာ နောက်ပိုင်းတွင် သူတို့ရဲ့ဝမ်းကွဲဖြစ်သူနဲ့လက်ထပ်ခဲ့ပြီး 'ငါမြင်ဖူးသမျှ အပြာဆုံးအမျိုးသမီး' လို့ အမည်တွင်တဲ့ Luna Fugate ကို မွေးဖွားခဲ့ကြောင်း ABC News က ဖော်ပြခဲ့ပါတယ်။ Luna ဟာ John Stacy နှင့် လက်ထပ်ပြီး သားသမီး 13 ယောက် ထွန်းကားခဲ့ကာ Ben ဟာအဲ့ဒီမှာမွေးဖွားခဲ့ခြင်းဖြစ်ပါတယ်။ Daily Mail ရဲ့ဖော်ပြချက်အရ Ben ဟာ Eastern Kentucky တက္ကသိုလ်မှ တောရိုင်းတိရစ္ဆာန်စီမံခန့်ခွဲမှုဘွဲ့ကို ရရှိပြီး Alaska ရှိ Fairbanks တက္ကသိုလ်တွင် ရေပင်ကြီးကြပ်ရေးမှူးအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။


သူ့တွင် Katherine Stacy လို့ခေါ်တဲ့ ဇနီးတစ်ဦးရှိပြီး သူတို့ ဇနီးမောင်နှံတွင် ကလေး လေးဦးရှိကြောင်း သိရပါတယ်။ Kentucky ရဲ့ အပြာရောင်မိသားစုဟာ 20 ရာစုအစောပိုင်းတွင် ကွဲကွာသွားကာ မျိုးပွားမှုရပ်တန့်သွားကြောင်း ABC News က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် Ben ဟာ အပြာရောင်အသားအရည်ဖြင့် မွေးဖွားလာခဲ့ပြီး မကြာမီ သူရဲ့နှုတ်ခမ်းနှင့် လက်သည်းများ မှေးမှိန်သွားပေမယ့်လည်း ငယ်စဉ်က အေးစက်ခြင်း သို့မဟုတ် ဒေါသထွက်လာတဲ့အခါတွင် ပြာသွားခဲ့ပါတယ်။


သတင်း အရင်းအမြစ်៖ Daily Star