သေနတ်တွေအများကြီးအကြောင်းကို ထဲထဲဝင်ဝင်လေ့လာနိုင်မယ့် Weapon Stripping

//s9.kh1.co/70/700de069a0a9609d88c9dfcbdab4a6ab5d8e8f7b.webp
ဗဟုသုတအဖြာဖြာ

 ၁၃-ဇွန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဒီ Simulator ထဲမှာဆိုကိုယ့်စိတ်ကြိုက် သေနတ်တွေကို အဖြုတ်အတပ်၊အပစ်အခတ်တွေလုပ်နိုင်မှာပါ

ကိုယ်က အန္တရာယ်များသလောက် လှပတဲ့သေနတ်တွေကို စိတ်ဝင်စားသူတစ်ယောက်လား။တခါတလေသေနတ်တွေအကြောင်းတွေးမိပြီး ရှုပ်ထွေးတဲ့သေနတ်တွေရဲ့ အလုပ်လုပ်ပုံတွေကို သေချာနားလည်ချင်သူတစ်ယောက်လား။အဲ့လိုလူဟုတ်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းထဲမှာ Weapon Stripping ဆိုတဲ့ Mobile app လေးတစ်ခုကိုထည့်ထားသင့်ပါပြီ။ဒီ App လေးကတော့ ဂိမ်းတစ်ခုလိုလည်းပြောလို့ရပေမဲ့ Simulation app လေးတစ်ခုဆိုပိုမှန်ပါလိမ့်မယ်။

https://s9.kh1.co/__image/w=650,h=366,q=100/50/50896c18db83bce39b90e03ab45d7228f91ca072.png

ဒီ App ထဲမှာနာမည်အတိုင်းပဲ သေနတ်ပေါင်းများစွာကို ကိုယ်တိုင်တစ်စစီ စိတ်ကြိုက်အဖြုတ်အတက်၊ပစ်တာခတ်တာတွေလုပ်လို့ရပါတယ်။သေနတ်တစ်လက်ရဲ့ တကယ့်အပြင်ကလုပ်ဆောင်ချက်တွေအတိုင်း အပိုင်းအစတစ်ခုချင်းစီကို ဖြုတ်တာတွေ၊တပ်တာတွေ လေ့လာနိုင်ပြီး အဆင့်တွေလုံးဝကျော်မရပဲ အပြင်ကအတိုင်း တစ်ဆင့်ချင်းစီလုပ်ရမှာပါ။အဲ့လိုအဖြုတ်အတပ် အရမ်းကျွမ်းသွားပြီဆိုရင်တော့ ဘာပြီးရင်ဘာတပ်ရမယ် ညွှန်ကြားချက်တွေမပါတော့ပဲ Timer နဲ့အလွတ်ဆော့လို့ရပါတယ်။အချိန်အကန့်အသတ်အတွင်းမှာ သေနတ်ကိုမြန်မြန်ပြီးအောင် တပ်ဆင်ရမှာမျိုးပါ။

https://s9.kh1.co/__image/w=650,h=366,q=100/67/67c657edc89ec964195be0b6935f999444a6d3b8.png

အဖြုတ်အတပ်တွေပြီးရင် အဲ့ဒီသေနတ်ကိုကိုယ့်စိတ်ကြိုက်ပစ်နိုင်ပါတယ်။ပစ်ချိန်မှာလည်း တကယ့်သေနတ်အစစ်အတိုင်းပဲ တစ်ချက်ချင်းပစ်မလား၊အတွဲလိုက်တောက်လျှောက်ပစ်မလားဆိုတာကို ရွေးလို့ရပြီး Reccoil တွေ၊Firing Rate တွေ၊Reloading တွေလည်းအကုန် အရမ်းမိုက်ပါတယ်။Animation တွေကလည်းအစစ်နဲ့တထေရာထည်းတူပြီး သေနတ်မောင်းတင်တာကအစ ကတကယ့်သေနတ်အစစ်ကို လုပ်နေရသလိုမျိုး ခံစားရစေမှာပါ။ကျည်ထွက်နေချိန်မှာလည်း သေနတ်ရဲ့အတွင်းပိုင်း အကုန်လုံးကိုဖောက်မြင်ရအောင် Vision ချိန်လို့ရပြီး အနှေးအမြန်ကိုလည်း ကိုယ်လိုသလိုချိန်ညှိနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/31/3117b0fb12f58f860e559aff6d6086d5c1c7c886.png

ဒီဂိမ်းဟာ ဂိမ်းဆိုတာထက် Simulation App တစ်ခုဆိုပိုမှန်ပါလိမ့်မယ်။သေနတ်အမျိုးအစားကလည်း ရာဂဏန်းလောက်ပါပြီး Update တစ်ခုတစ်ခုစီမှာ သေနတ်အသစ်တွေလည်း ထည့်ပေးထားတတ်တာကြောင့် အရမ်းအန္တရာယ်များပေမဲ့ မိုက်လည်းမိုက်တဲ့သေနတ်တွေကို စမ်းသပ်ကြည့်သင့်တယ်ဆိုရင်တော့ 350MB လောက်သာ Storage size ရှိတဲ့ Weapon Stripping ဆိုတဲ့ဂိမ်းဟာဖုန်းထဲမှာထည့်ထားသင့်တဲ့ App တစ်ခုပါ။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T