တံငါသည်တောင် အံ့အားသင့်ခဲ့ရတဲ့ ကြောက်မက်ဖွယ်ရာ ငါးမျိုးစိတ်

//s9.kh1.co/94/94e3eefd05f0bbe2beddbe42697a9d34177df828.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-ဇွန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

ဖရန်ကင်စတိန်း ငါးလို့ အမည်ပေးထားတဲ့ ထူးဆန်းသောအသွင်အပြင်ရှိ ငါးတစ်ကောင်ကို ဖမ်းမိပြီးနောက် တံငါသည်တစ်ဦးဟာ တုန်လှုပ်ခဲ့ရပါတယ်။ Roman Fedortsov ဆိုတဲ့ တံငါသည် အမျိုးသားဟာ ရုရှားနိုင်ငံ အနောက်မြောက်ပိုင်းရှိ Murmansk က ငါးဖမ်းသင်္ဘောပေါ်မှာ အလုပ်လုပ်နေစဉ်အတွင်း ကြောက်မက်စရာကောင်းတဲ့ အရာတွေ ကို ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒါကတော့ တစ်သက်မှာတစ်ခါတောင် မြင်တွေ့ရခဲတဲ့ ထူးဆန်းတဲ့ ငါးမျိုးစိတ်ပါ။

Photo Credit - Daily Star
Photo Credit - Daily Star
Photo Credit - Daily Star
Photo Credit - Daily Star

ပင်လယ်ပြင်မှာ သူအလုပ် လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ဒီလိုငါးမျိုးစိတ်တွေကို မမြင်ဖူးခဲ့ပါဘူး ။ ဒါပေမယ့် ယခုတွေ့လိုက်ရတဲ့ ငါးမျိုးစိတ်ကတော့ တကယ့်ကို အံ့သြခဲ့ရသလို တုန်လှုပ်ခြောက်ခြားစရာလည်း ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူတွေ့ရှိခဲ့တဲ့ ငါးမျိုးစိတ်ကိုလည်း Instagram မှာ ဖော်ပြခဲ့ပြီး ခဏလေးအတွင်းမှာ လိုက်ခ်ပေါင်း ၅၀၀၀ ကျော် ရရှိခဲ့ပါတယ်။

Photo Credit - Daily Star
Photo Credit - Daily Star

ငါးပုံတွေကို ကြည့်ရှုခဲ့သူတချို့ကတော့ ထူးဆန်းတဲ့အသွင်အပြင်‌တွေကြောင့် "ကာတွန်းငါးနဲ့တူတယ်" ဆိုပြီး မှတ်ချက်ပြုခဲ့ကြပါတယ်။ အချို့ကလည်း ဒီငါးနဲ့ ပတ်သက်ပြီး သီအိုရီများစွာ ထုတ်ခဲ့ကြပါတယ်။ အဆိုပါ ငါးမျိုးစိတ်ပုံမှာ ပုံမှန်မဟုတ်တဲ့ ဆူးတောင်များ၊ ကြောက်မက်ဖွယ်ကောင်းတဲ့ သရဲမျက်လုံးနှင့် ရှည်လျားတဲ့အမြီးများပါရှိတာ တွေ့ရပါတယ်။

Photo Credit - Daily Star
Photo Credit - Daily Star

သတင်း အရင်းအမြစ်Source - Daily Star

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T