လွတ်မြောက်နယ်မြေက တိုင်းရင်းသားကလေးတွေအတွက် မုန့်တွေဝေပေးရင်း ကလေးတွေနဲ့အတူပျော်နေတဲ့ ဒါရိုက်တာကိုပေါက်

//s9.kh1.co/88/887258f89dd0595237f298e41c2befc40f8d1095.png
အနုပညာရှင်များ

 ၁၂-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

မိသားစုနဲ့အဝေးမှာနေပြီး ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေတဲ့ ဒါရိုက်တာကိုပေါက်ဟာ လက်ရှိမှာတော့ လွတ်မြောက်နယ်မြေတစ်နေရာမှာရောက်ရှိနေခဲ့ပြီး ကိုယ်တတ်နိုင်တဲ့ဖက်ကနေ အာဏာရှင်ကို တော်လှန်ရေးမှာ အစွမ်းကုန်ပါဝင်နေခဲ့ပါတယ်။ စိတ်အာရုံခံစားရတဲ့ အနုပညာသမား အဖြစ်ကနေ မတရားမှုကိုတော်လှန်သူအဖြစ် ရဲရဲဝံ့ဝံ့ကူးပြောင်းခဲ့ပြီးနောက် ကိုယ့်ရဲ့ရပ်တည်ချက်အတွက် လည်း နောင်တမရဘဲ နောက်မဆုတ်တမ်းတိုက်ပွဲဝင်နေခဲ့ပါတယ်။

Photo Credit - Ye Min's FB Acc
Photo Credit - Ye Min's FB Acc
Photo Credit - Ye Min's FB Acc
Photo Credit - Ye Min's FB Acc
Photo Credit - Ye Min's FB Acc
Photo Credit - Ye Min's FB Acc

မလုံခြုံမှန်းသိသိရက်နဲ့ ဒီလမ်းကိုလျှောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ လွတ်မြောက်နယ်မြေ တစ်နေရာကိုရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ ရောက်တဲ့နေရာမှာလည်း တိုင်းရင်းသားကလေးတွေအတွက် ပျော်ရွှင်သွားရအောင် မုန့်လေးတွေဝေပြီး ကလေးတွေနဲ့အတူ အပျော်တွေထပ်တူကျနေတဲ့ ပုံရိပ်တစ်ချို့ကို ကိုပေါက်ရဲ့မိတ်ဆွေတစ်ယောက်က လူမှုကွန်ယက်မှာ ဝေမျှလာခဲ့ပါတယ်။ မိသားစုနဲ့ဝေးကွာပြီး နေရပေမယ့် ရောက်တဲ့နေရာမှာ ပျော်အောင်နေရင်း အကျိုးရှိတာတွေလုပ်နေခဲ့ပါတယ်။

Photo Credit - Ye Min's FB Acc
Photo Credit - Ye Min's FB Acc
Photo Credit - Ye Min's FB Acc
Photo Credit - Ye Min's FB Acc
Photo Credit - Ye Min's FB Acc
Photo Credit - Ye Min's FB Acc

ပန်းချီဝါသနာပါသူဖြစ်တဲ့အလျောက် တော်လှန်ရေးတပ်သားတစ်ယောက်ဖြစ်သွားခဲ့တဲ့ မင်းမော်ကွန်း အတွက် ဂုဏ်ပြုပန်းချီကားလေးဆွဲပေးခဲ့ပါသေးတယ်။ ဘယ်နေရာရောက်ရောက် နှလုံးသားထဲက မြတ်နိုးတဲ့ အနုပညာကတော့ ဘယ်တော့မှအဆုံးသတ်မသွားခဲ့ပါဘူး။ ပြည်သူတွေဟာလည်း တော်လှန်ရေးကြီးအောင်မြင်သွားတဲ့အချိန်မှာ ပြည်သူနဲ့အတူရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တွေကို မှတ်သားပြီး အရင်ထက်ပိုတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ချစ်ခင်အားပေးမယ့်အကြောင်း မှတ်ချက်တွေ အများအပြားပေးခဲ့ကြပါတယ်။

Photo Credit - Ye Min's FB Acc
Photo Credit - Ye Min's FB Acc
Photo Credit - Ye Min's FB Acc
Photo Credit - Ye Min's FB Acc
Photo Credit - Ye Min's FB Acc
Photo Credit - Ye Min's FB Acc

သတင်း အရင်းအမြစ်Ye Min's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T