မိသားစုရဲ့စားဝတ်နေရေးခက်ခဲမှုကြောင့် မဖြစ်မနေ ဈေးရောင်းရတော့မှာမို့ သူမကိုမဆဲကြဖို့ တောင်းပန်လာတဲ့ ခင်စန်းဝင်း

//s9.kh1.co/24/247db0ba413b6122623f95288a6eedde5ed3d9da.png
အနုပညာရှင်များ

 ၀၄-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ဒီကာလမှာအကုန်လုံးကျပ်တည်းနေကြတာကြောင့် အနုပညာရှင်တွေလည်း အားလုံးနဲ့အတူ ခက်ခဲနေခဲ့ပါ တယ်။ မိတ်ကပ်ပညာရှင် ခင်စန်းဝင်းဟာ အရင်ကဝင်ငွေကောင်းတဲ့အလုပ်တွေ လုပ်ခဲ့ရပေမယ့် အလုပ်မရှိဘဲ လပေါင်းများစွာ ထိုင်စားလာတဲ့အပြင် အိမ်နဲ့ပတ်သက်တဲ့ တခြားဗာဟီရထွက်ငွေတွေပါ ပါလာတာမို့ ရေရှည်တောင့်ခံနိုင်ဖို့ အဆင်မပြေတော့ပါဘူး။ အသိမိတ်ဆွေတွေရဲ့ နာရေးသတင်းကြားတိုင်း ကိုယ့်အလှည့်ဘယ်တော့လဲဆိုတာတွေးပြီး စိတ်မကောင်းဖြစ်ရကြောင်းလည်းပြောခဲ့ပါသေးတယ်။

Photo Credit - Khin San Win's FB Acc
Photo Credit - Khin San Win's FB Acc

ဝင်ငွေများများစားစားမရှိတဲ့ကြားက သူမကိုမှီခိုနေတဲ့ကျန်းမာရေးမကောင်းတဲ့ သူမရဲ့အကိုကြီးနဲ့ အကိုအလတ်မိသားစုအပြင် အကိုကြီးကိုပြုစုပေးနေတဲ့ မောင်အငယ် မိသားစုတို့အတွက် လစဉ်ဆေးဖိုးနဲ့ စားစားရိတ်ကိုလည်းထောက်ပံ့ပေးခဲ့ရပါသေးတယ်။ ဒါ့အပြင် သူမတပည့်တွေရဲ့လစဉ်အသုံးစားရိတ်လည်း ရှိသလို သူမကိုယ်တိုင်လည်း စီးပွားရေးလုပ်နေတာကြောင့် ဝင်လာတဲ့ပိုက်ဆံတွေကို ပြန်ပြီးရင်းနှီးအပြီးမှာ ပဲ အရေးအခင်းစဖြစ်ခဲ့ပါတယ်။ ဒီနောက်မှာလည်း ကပ်ရောဂါဘေးကြီးဖြစ်လာတာကြောင့် လက်ထဲမှာရှိတဲ့ငွေတွေက တဖြည်းဖြည်းဆုတ်ယုတ်လာခဲ့ပါတယ်။

Photo Credit - Khin San Win's FB Acc
Photo Credit - Khin San Win's FB Acc

ဒီလိုအခက်အခဲတွေကြောင့် သူမလည်းဈေးရောင်းရတော့မယ့်အနေအထားတွေဖြစ်လာခဲ့ပြီး အကယ်၍ ရောင်းချခဲ့သည်ရှိသော် သူမကိုမဆဲဆိုကြဖို့ တောင်းပန်လာခဲ့ပါတယ်။ ဒီလိုရောင်းချတာလည်း သေဆုံးသူတွေကို ကိုယ်ချင်းမစာလို့မဟုတ်ဘဲ မိသားစုရဲ့ အခက်အခဲတွေကြောင့်သာ မဖြစ်မနေ ရောင်းချရတာဖြစ်ကြောင်း တောင်းပန်ခဲ့ပါတယ်။

Photo Credit - Khin San Win's FB Acc
Photo Credit - Khin San Win's FB Acc

သတင်း အရင်းအမြစ်Khin San Win's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T