မိန်းကလေးတစ်ဦးမှ သူမပုံတွေယူသုံးပြီး အသရေလိုက်ဖျက်နေတဲ့အကြောင်းကို Live လွှင့်ရှင်းပြရင်း ဝမ်းနည်းစွာ ငိုကြွေးနေတဲ့ နွေးနွေးချစ်ဖွယ်

//s9.kh1.co/99/99adbb17e288a34acf3d235ac63074f3cf4d3b4d.jpeg
အနုပညာရှင်များ

 ၀၂-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် နွေးနွေးချစ်ဖွယ်ကတော့ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေတဲ့ သမီးအလိမ္မာလေးဖြစ်တာကြောင့်ပရိသတ်တွေချစ်ခင် အားပေးနေကြတာ ဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ မရှိသေးတဲ့အတွက်စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ မိဘကျေးဇူးကို သိတတ်နားလည်ပြီး ဘာသာရေးလုပ်နေတာတောင် မဟုတ်မမှန်တဲ့ သတင်းတွေနဲ့ ဝေဖန်တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။

Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 

မကြာသေးခင် မိနစ်ပိုင်းလောက်က နွေးနွေးချစ်ဖွယ်ရဲ့လူမှုကွန်ယက်တွင် Live လွှင့်ပြီး ဖြေရှင်းထားတာ ဖြစ်ပါတယ်။ မိန်းကလေးတစ်ဦးမှ သူမရဲ့ပုံတွေအသုံးပြုပြီး မကောင်းတဲ့အရာတွေ လုပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင်သူမကို တိုက်ခိုက်ရုံတင်မကဘဲ မိဘနှစ်ပါးရဲ့ သိက္ခာကိုပါ ထိခိုက်လာတဲ့အတွက် live လွှင့်ဖြေရှင်းလာတာ ဖြစ်ပါတယ်။ ထိုမိန်းကလေးမှ နွေးနွေးချစ်ဖွယ်နာမည်နဲ့ အကောင့်တုလုပ်ပြီး သူမပုံစံဟန်ဆောင်ပြီး အသရေလိုက်ဖျက်နေတာကို သက်သေအချက်အလက်တွေနဲ့အတူ ဖြေရှင်းလာတာ ဖြစ်ပါတယ်။

Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 

မကောင်းသတင်းတွေနဲ့ လိုက်တိုက်ခိုက်ခံနေရတာကြောင့် အသားတွေတောင် တစက်စက်တုန်နေပြီး ဝမ်းနည်းကြောင်း ရင်ဖွင့်ပြောပြရင်း မျက်ရည်များပါ ကျလာခဲ့တာ ဖြစ်ပါတယ်။ သူမကို စော်ကားတာ ပြသနာမရှိပေမယ့်မိဘတွေရဲ့အကျင့်သိက္ခာတွေပါ ရစရာမရှိအောင် အပြောခံလိုက်ရတာဖြစ်တဲ့အတွက်   ခံပြင်းဒေါသထွက်နေတာဖြစ်ပြီး  ဒီပြသနာနဲ့ ပတ်သက်လို့ နောက်ထပ်လည်း ဖြေရှင်းသွားမှာ မဟုတ်ကြောင်း ပြောကြားသွားပါသေးတယ်။ ပရိသတ်တွေကလည်း ဂီတလောကမှာ နာမည်ပျက်တစ်ခါမှ မရှိဘဲ အေးဆေးစွာနေတတ်တဲ့ နွေးနွေးချစ်ဖွယ်ရဲ့စိတ်နေစိတ်ထားကို သိနေကြတဲ့အတွက် အခုလို တိုက်ခိုက်ခံနေရတာကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ သူမရဲ့Facebook အကောင့်တွင် အကြောင်းစုံကို Live လွှင့်ရှင်းပြထားတဲ့ နွေးနွေးချစ်ဖွယ်ရဲ့ ဗီဒီယိုဖိုင်ကို ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Nway Nway Chit Phwel’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T