အတူတူချစ်လာခဲ့ကြတာ နှစ်ပေါင်း (၄၀) ပြည့်သွားခဲ့ပြီဖြစ်တဲ့ ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ ဇနီးမောင်နှံ

//s9.kh1.co/75/75ddd680276b5c6511521fc157514b98a3bf00e2.png
အနုပညာရှင်များ

 ၃၁-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ဆိုးအတူကောင်းအတူ ဖြတ်သန်းလာခဲ့ကြတဲ့ ဦးကျော်သူတို့ဇနီးမောင်နှံဟာ တစ်ယောက်လက်ကို တစ်ယောက် ခိုင်ခိုင်မြဲမြဲတွဲခဲ့တာ အခုဆိုရင် နှစ်ပေါင်း (၄၀) တိုင်လာခဲ့ပါပြီ။ အတူတူပရဟိတ အလုပ်တွေကိုကြိုးစားလုပ်ကိုင်ခဲ့ပြီး အာဏာသိမ်းမှုဖြစ်စဉ်မှာလည်း ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ခဲ့လို့ တစ်သက်လုံးကြိုးစားတည်ထောင်လာခဲ့တဲ့ ပရဟိတအသင်းကြီး ဖျက်သိမ်းခံရတဲ့အထိကို အခြေအနေဆိုးဝါးသွားခဲ့ပါတယ်။ နှစ်ယောက်သားဟာလည်း ဘေးလွတ်ရာတိုင်းတပါးကို ရှောင်ရှားနေခဲ့ရပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

ဒီနေ့ဟာလည်း လေးစားဖွယ်ပြည်သူ့သူရဲကောင်းနှစ်ယောက်ရဲ့ နှစ်လေးဆယ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ လေးပါပဲ။ ဇနီးမောင်နှံဆိုတာ တစ်ယောက်ရဲ့အကောင်းအဆိုးအားလုံးကို တစ်ယောက်ကလက်ခံပြီး အပြန်အလှန်ချစ်ပေးကြတဲ့ သူစိမ်းနှစ်ဦးပါပဲ။ နှစ်ပေါင်း (၄၀) တိတိ အချစ်မပြယ်ဘဲ တွဲလက်တွေ မြဲနေခဲ့တဲ့ ဦးကျော်သူတို့ဇနီးမောင်နှံကတော့ လေးစားစရာပါပဲ။ ချစ်ဇနီးကိုတန်ဖိုးထားပြီးသိပ်ချစ်သလို ဇနီးကလည်း ခင်ပွန်းကို တလေးတစားရှိခဲ့ပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

ဘယ်တိုင်းပြည်ပဲရောက်ရောက် ပြည်သူတွေအတွက်ရပ်တည်ပေးပြီး ကြိုးစားထားတာတွေကို စွန့်လွှတ်ပေးရဲတဲ့သတ္တိကိုတော့ ပြည်သူတွေကဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ နှစ် (၄၀) ပြည့် မင်္ဂလာနှစ်ပတ်လည်ကနေ နောက်ထပ်နှစ်ပေါင်းများစွာတိုင်အောင် ချစ်ခြင်းမေတ္တာတွေ ပျော်ရွှင်မှုတွေနဲ့ ခိုင်ခိုင်မာမာချည်နှောင်ထားတဲ့ မိသားစုဘဝလေးမှာ အေးချမ်းပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner
Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T