နိုင်ငံတိုင်းမှာ ကိုယ်ပိုင်ရိုးရာဓလေ့တွေရှိတက်ပြီး မတူညီကြတဲ့ ပွဲတော်အမျိုးမျိုးလည်း ရှိတက်ကြပါတယ်။ တချို့ပွဲတော်တွေကတော့ သာမန်လူတွေအတွက် ထူးဆန်းတက်စမြဲပါ။ ခုဆိုရင်လည်းအဲ့လိုတွေထဲကမှ ကမ္ဘာတစ်ဝှမ်းက ထူးဆန်းတဲ့ မင်္ဂလာဆောင် ဓလေ့တချို့ကို ဖော်ပြလိုက်ပါတယ်။
German
ဂျာမနီနိုင်ငံမှာတော့ လက်ထပ်မယ့် ဇနီးမောင်နှံတွေဟာ သူတို့ရဲ့နေအိမ်ထဲမှာရှိတဲ့ ပန်းကန်တွေကို တတ်နိုင်သလောက် များများခွဲပစ်ကြရပါတယ်။ အကြောင်းကတော့ ဒီလိုခွဲပစ်လိုက်ခြင်းအားဖြင့် သူတို့ရဲ့ အိမ်ထောင်သက်တမ်းတစ်လျှောက်လုံး ကံကောင်းခြင်းတွေနဲ့ပဲ ကြုံတွေ့ရမယ်လို့ ယူဆထားကြလို့ပဲ ဖြစ်ပါတယ်။
India
လူဦးရေ ဒုတိယအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာတော့ မင်္ဂလာပွဲတွေဟာ အတော်လေးကို များပြားတယ်လို့တောင် ပြောလို့ရပါတယ်။ ဒီလိုမင်္ဂလာပွဲတွေမှာ တက်ရောက်လာတဲ့ ပရိသတ်တွေသဘောအကျဆုံးအစီစဉ်ကတော့ သတို့သားရဲ့ ဖိနပ်ကို လုပြီး ပြန်ရွေးဖို့ ပိုက်ဆံတောင်းတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ သတို့သားအနေနဲ့ ပြန်မရွေးသရွေ့ ခြေဗလာနဲ့ လျှောက်ရမယ့်ပုံစံပါပဲ။
China
ဓလေ့ထုံးစံတွေ အများအပြားရှိတဲ့ တရုတ်နိုင်ငံမှာတော့ အခုပြောပြမယ့် ဓလေ့က မရှိသလောက်ကို ရှားနေပါပြီ။ ဒါကတော့ မင်္ဂလာမဆောင်ခင် တစ်လအကြိုလောက်မှာ သတို့သမီးအပါအဝင် သတို့သမီးဘက်က မိသားစုဝင်အမျိုးသမီးတွေဟာ ငိုကြွေးရတာပဲ ဖြစ်ပါတယ်။
Indonesia
အင်ဒိုနီးရှားနိုင်ငံက ဓလေ့ကတော့ သတို့သားတိုင်းကို ထိတ်လန့်သွားစေမှာ သေချာပါတယ်။ ရိုးရာအရ သတို့သားတွေဟာ မင်္ဂလာဆောင်ပြီးပြီးချင်း ၃ ရက်မြောက်နေ့အထိ အပေါ့သွားခွင့်မရှိပါဘူး ။ ဒီလို အပေါ့မသွားခိုင်းတဲ့ အကြောင်းကတော့ အိမ်ထောင်သက်တမ်း တစ်လျှောက်လုံး သာယာပြီး ကံကောင်းစေဖို့အတွက်ပါတဲ့။
သတင်း အရင်းအမြစ်៖ Did you know