ကိုယ့်ကို စိတ်ပင်ပန်းလူပင်ပန်းဖြစ်စေနိုင်တဲ့ အလေ့အကျင့်များ

//s9.kh1.co/53/537254c5b9c66ffab9439ef4059fa0a123a61e2f.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-ပြီ-၂၀၂၄ ၈am · လွန်ခဲ့သော ၉ ရက် က

ကိုယ့်ကို စိတ်ပင်ပန်းလူပင်ပန်းဖြစ်စေနိုင်တဲ့ အလေ့အကျင့်များ

စိတ်ပင်ပန်းကိုယ်ပင်ပန်းဖြစ်ခြင်းဟာ များသောအားဖြင့်ကိုယ်တိုင်လုပ်နေတဲ့အရာတွေနှင့်သက်ဆိုင်နေတတ်ပါတယ်။ ညနက်တဲ့အထိမအိပ်ဘဲ နေခြင်းဟာ ခန္ဓာကိုယ်နှင့်စိတ်ပိုင်းဆိုင်ရာကို ဆိုးဆိုးဝါးဝါးပင်ပန်းစေနိုင်ပါတယ်။ ဒါ့အပြင် အိပ်ခါနီးမှာ မုန့်တွေစားတာမျိုး အချိုရည်တွေသောက်တာမျိုးဟာ မနက်နိုးလာရင်အင်အားကုန်ခမ်းနေသလိုမျိုးဖြစ်စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=634,q=100/17/17f0bd211d0c096beb0610f78582a0b16712fe08.jpg

အမြဲတမ်းအတွေးလွန်နေပြီး သူများတွေဘယ်လိုတွေးခေါ်နေမလဲဆိုတာကို စဥ်းစားနေခြင်းကလည်း ကောင်းမွန်တဲ့အလေ့အကျင့်မဟုတ်ပါဘူး။ ဒီလိုတွေအတွေးလွန်နေခြင်းဟာ စိတ်ပင်ပန်းမှုအများစုရဲ့အဓိကအကြောင်းရင်းလည်းဖြစ်ပါတယ်။ လူတိုင်းသဘောကျအောင်ကြိုးစားနေခြင်းကလည်း  ကိုယ့်ကိုပိုပြီးပင်ပန်းစေနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=345,h=345,q=100/f2/f21c9d9be09289e48f835e4ac29d314e691e7366.jpg

အခက်အခဲတွေကြုံရတဲ့အချိန် တောက်လျှောက်ငြီးတွားနေခြင်းကလည်း စိတ်ကိုပိုပြီးပင်ပန်းစေပါတယ်။ တစ်ခြားသူတွေရဲ့အတင်းကို ပြောပြီးတော့ ကိုယ့်ရဲ့အကောင်းမြင်စိတ်တွေကို ဆုံးရှုံးရခြင်းကလည်း စိတ်ပင်ပန်း ကိုယ်ပင်ပန်းအလွယ်တကူဖြစ်စေပါတယ်။ အတိတ်ကအကြောင်းအရာတွေကနေ ရုန်းမထွက်နိုင်ဘဲ အတိတ်ကိုပဲဖက်တွယ်လွန်းတာကလည်း သေချာပေါက်စိတ်ပင်ပန်းစေမယ့်အလေ့အကျင့်ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=500,h=600,q=100/91/91c27c57036513715a4108a70f76785bb7e2c160.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T