ယနေ့မနက်ပိုင်းမှာပဲ ထပ်မံကွယ်လွန်သွားခဲ့ပြန်ပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် မင်းသားကြီး ဦးအောင်ကျော်

//s9.kh1.co/4d/4d7543038400f37e0ad1e2fa78822184e60b20af.jpg
အနုပညာရှင်များ

 ၁၅-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာဇာတ်ကားတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ အသက် (၈၁)နှစ်ရှိပြီဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင် ဦအောင်ကျော်ဟာ ယနေ့ ဇူလိုင်လ(၁၅)ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ ဘာရောဂါနဲ့ ကွယ်လွန်သွားတယ်ဆိုတာကိုတော့ မသိရသေးဘဲ ကွယ်လွန်သွားတဲ့ အကြောင်းအရင်းကိုတော့ ရုပ်ရှင်သရုပ်ဆောင် ဦးဝင်းမြိုင်က သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

Photo Credit - Win Myaing fb account
Photo Credit - Win Myaing fb account

ဦးဝင်းမြိုင်ရဲ့ ပြောပြချက်တွေအရ ဦးအောင်ကျော်ဟာ ပြီးခဲ့တဲ့ အပတ်ကပဲ ရုပ်ရှင်အစည်းအရုံးကို ကျန်းမာရေးကောင်းမွန်စွာနဲ့ လာရောက်ခဲ့သေးပြီး ယနေ့မှာ နှုတ်ဆက်ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင် ဦးအောင်ကျော် ကွယ်လွန်သွားရှာပြီဆိုတဲ့ သတင်းကြောင့် အနုပညာမောင်နှမတွေအပြင် ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း များစွာ စိတ်မကောင်းဖြစ်ခဲ့ကြတာ တွေ့ရပါတယ်။

Photo Credit - Win Myaing fb account
Photo Credit - Win Myaing fb account

ယမန်နေ့ကလည်း ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဦးလူမုန်းဟာ နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ယနေ့မနက်ပိုင်းမှာတော့ ချစ်ခင်အားပေးခဲ့ရတဲ့ အနုပညာရှင်တစ်ယောက် ထပ်မံကွယ်လွန်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ဦးအောင်ကျော် ကွယ်လွန်သွားခဲ့တာကြောင့် ကျွန်တော်တို့ Myanmarload ကလည်း ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ကောင်းရာသုကတိလားပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်....???။

Photo Credit - Win Myaing fb account
Photo Credit - Win Myaing fb account

သတင်း အရင်းအမြစ်Source - Win Myaing fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T