ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးစဉ်က ဦးလူမုန်းနဲ့အတူ ရှုတင်မှာ ပျော်ရွှင်ခဲ့ဖူးတဲ့ အမှတ်တရ ဗီဒီယိုဖိုင်တစ်ချို့ကို ဝမ်းနည်းစွာဖြင့် ဝေမျှလာတဲ့ ဟန်ထူးဈာန်

//s9.kh1.co/21/214efe03849d324fc4857d0e985d16058e5dc7a6.jpeg
အနုပညာရှင်များ

 ၁၅-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဒီရက်ပိုင်းတွေမှာ အနုပညာလောကမှ ကြယ်ပွင့်တွေ တဖြုတ်ဖြုတ် ကြွေလွင့်သွားကြတာကို ဝမ်းနည်းစွာဖြင့် မြင်တွေ့နေရပါတယ်။ဇူလိုင်လ (၁၄) ရက်နေ့ ညနေ (၃:၃၀) အချိန်တွင်  သရုပ်ဆောင်၊ ဒါရိုက်တာ ဦးလူမုန်းတစ်ယောက် သူချစ်ရသူများအားလုံးနဲ့  အပြီးတိုင် စွန့်ခွာသွားပြီ ဖြစ်ပါတယ်။ ဦးလူမုန်းဟာ နှလုံးဖောက်ပြီး အောက်ဆီဂျင်ပြတ်လပ်ကာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။  

Photo Crd-Han Htue Zan’s Facebook Page
Photo Crd-Han Htue Zan’s Facebook Page
Photo Crd-Han Htue Zan’s Facebook Page
Photo Crd-Han Htue Zan’s Facebook Page
Photo Crd-Han Htue Zan’s Facebook Page
Photo Crd-Han Htue Zan’s Facebook Page
Photo Crd-Han Htue Zan’s Facebook Page
Photo Crd-Han Htue Zan’s Facebook Page

တန်ဖိုးရှိလှတဲ့ အနုပညာရှင်တစ်ဦး ကွယ်လွန်သွားတဲ့အတွက် ပရိသတ်များသာမကဘဲ အနုပညာအသိုင်းအဝိုင်းကညီအစ်ကိုမောင်နှမများအားလုံး စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ ဦးလူမုန်းဟာဇာတ်လမ်းတွဲများစွာမှာလည်း ကျရာနေရာကနေ ပီပြင်ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦး ဖြစ်ပါတယ်။မကြာသေးခင် နာရီပိုင်းလောက်ကအဆိုတော် ဟန်ထူးဈာန်ရဲ့ လူမှုကွန်ယက်တွင် ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးစဉ်က ဦးလူမုန်းနဲ့အတူ ရှုတင်မှာ ပျော်ရွှင်ခဲ့ဖူးတဲ့ အမှတ်တရဗီဒီယိုဖိုင်တစ်ချို့ကို ဝမ်းနည်းစွာဖြင့် ဝေမျှပေးလာတာ ဖြစ်ပါတယ်။

Photo Crd-Han Htue Zan’s Facebook Page
Photo Crd-Han Htue Zan’s Facebook Page
Photo Crd-Han Htue Zan’s Facebook Page
Photo Crd-Han Htue Zan’s Facebook Page
Photo Crd-Han Htue Zan’s Facebook Page
Photo Crd-Han Htue Zan’s Facebook Page

ဟန်ထူးဈာန်ကလည်း " တကယ်ကြီးလားဗျာ စိတ်တွေလည်းအရမ်းဆင်းရဲ​တယ်။ကျွန်တော်ချစ်တဲ့ #ဘထွေးဆုံးပြီတဲ့ ?စင်္ကြာဆိုတဲ့ဘဝမှာ ခေါ်ခဲ့တဲ့နာမည်လေးကိုပဲ အပြင်မှာလည်းတမင်ကိုချစ်လွန်းလို့ဆက်ခေါ်ခဲ့တာ ဘထွေးရယ် တော်တော်ကိုခံစားရပါတယ်" ဆိုပြီး ဝမ်းနည်းစွာ ရေးသားထားတာ ဖြစ်ပါတယ်။ အောက်ဆီဂျင်ပြတ်လပ်မှုပြသနာဟာ မြန်မာနိုင်ငံတွင် အခြေအနေတော်တော်ဆိုးနေပြီး နေ့စဉ်လူပေါင်းများစွာ သေဆုံးနေကြရပါတယ်။ အလှူရှင်များကလည်း အောက်ဆီဂျင်စက်ရုံတွေ အမြန်ဆုံးအကောင်ထည်ဖော် တည်ဆောက်ကြဖို့အတွက် ကြိုးစားနေကြပြီ ဖြစ်ပါတယ်။  အနုပညာအလုပ်ကို ရူးသွပ်လွန်းတဲ့ ဦးလူမုန်း ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်းရပြီး ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-Han Htue Zan’s Facebook Page 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T