သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ချောင်းထဲတွင် ဟင်းစားရှာထွက်ခဲ့သော်လည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တဲ့ ပြည်ကျော်ရဲ့ဝမ်းနည်းစရာအဖြစ်

//s9.kh1.co/7f/7fa0ece1123a533ab562ca75f1d12a599a9111a3.jpeg
အနုပညာရှင်များ

 ၁၄-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဟားငါးကောင် လူရွှင်တော် အဖွဲ့သားများဟာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးခဲ့ကြပြီးလက်ရှိအချိန်မှာတော့ လွတ်မြောက်နယ်မြေတွင် တော်လှန်ရေးတိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။တောထဲတွင်  ပင်ပန်းခက်ခဲစွာ နေထိုင်စားသောက်ရပုံတွေကိုလည်း ပရိသတ်တွေကို အမြဲမျှဝေပေးနေကြတာ ဖြစ်ပါတယ်။ မနေ့ညကလည်း ဟာသလူရွှင်တော် ပြည်ကျော်ရဲ့ လူမှုကွန်ယက်တွင် ဓာတ်ပုံတစ်ချို့ တင်ထားတာ ဖြစ်ပါတယ်။

Photo Crd-Pyay Kyaw’s Facebook Account 
Photo Crd-Pyay Kyaw’s Facebook Account 
Photo Crd-Pyay Kyaw’s Facebook Account 
Photo Crd-Pyay Kyaw’s Facebook Account 

ဒါကတော့ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ချောင်းထဲတွင် ဟင်းစားရှာထွက်ခဲ့သော်လည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တဲ့အကြောင်းကို ပုံနှင့်တကွ သက်သေပြထားတာ ဖြစ်ပါတယ်။ ချောင်းထဲတွင် ငါးဖမ်းရှာထွက်ခဲ့ပေမယ့်လည်း သူဖမ်းမိတဲ့ ငါးလေးတွေဟာ ပုစွန်သေးလေး နှစ်ကောင်နဲ့ ငါးပိစိလေးတွေကိုသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ပြည်သူတွေကလည်း သူတို့အဖွဲ့ နေထိုင်စားသောက်နေရတာတွေကို ကြည့်ပြီး သနား ဂရုဏာသက်နေကြတာ ဖြစ်ပါတယ်။

Photo Crd-Pyay Kyaw’s Facebook Account 
Photo Crd-Pyay Kyaw’s Facebook Account 
Photo Crd-Pyay Kyaw’s Facebook Account 
Photo Crd-Pyay Kyaw’s Facebook Account 

ပြည်သူများကလည်း ဟားငါးကောင်အဖွဲ့ဝင်များအားလုံး အစစအရာရာ ဂရုစိုက်ကြဖို့နဲ့ သူတို့အနေနဲ့ ဒီအချိန်မှာဘာမှ ကူညီပေးဖို့ မလွယ်ကူတဲ့အတွက် ခွင့်လွှတ်ပေးကြဖို့ကိုလည်း comment များ ရေးသားထားကြတာကိုလည်းမြင်တွေ့ရပါတယ်။ ဘယ်လိုအခြေအနေမျိုးပဲ ရောက်ရောက် ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်းရှိနေတဲ့ ဟားငါးကောင်အဖွဲ့သားများရဲ့ စိတ်ဓာတ်ဟာ လေးစားဂုဏ်ယူစရာကောင်းလှပါတယ်။ ဟားငါးကောင်အဖွဲ့သားတွေရဲ့ လှုပ်ရှားမှုတွေကို အားလုံးလည်း သိရှိကြစေဖို့ ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Pyay Kyaw’s Facebook Account 

Photo Crd-Pyay Kyaw’s Facebook Account 
Photo Crd-Pyay Kyaw’s Facebook Account 
Photo Crd-Pyay Kyaw’s Facebook Account 
Photo Crd-Pyay Kyaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T