ကင်းမရွာအတွက် တစ်အိမ်ထောင်ကို ၃၀၀၀၀ကျပ်နှုန်းနဲ့ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့တဲ့ အိစိကွေး

//s9.kh1.co/f0/f0ecbd0b184a603e351961dfd5f5208325fc7371.jpg
အနုပညာရှင်များ

 ၁၄-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ကလေးသရုပ်ဆောင်အဖြစ် ငယ်စဉ်ကတည်းက အောင်မြင်မှုတွေရရှိထားသလို ယနေ့အချိန်ထိလည်း ပရိသတ်အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အိစိကွေးကတော့ အရေးတော်ပုံကာလကြီးမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ အိစိကွေးကတော့ လက်ရှိအခြေအနေတွေကြောင့် ပင်ပန်းခက်ခဲစွာ ရပ်တည်နေကြရတဲ့ ပြည်သူတွေအတွက်တတ်နိုင်သလောက် လှူဒါန်းမှုတွေနဲ့ ဖေးမကူညီနေသူလည်း ဖြစ်ပါတယ်......။

Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc

လူငယ်တစ်ယောက်ပီပီ အခုလိုကာလမျိုးမှာ စိတ်အားထက်သန်စွာနဲ့တစ်တပ်တစ်အားကူညီပေးနေတဲ့ အိစိကွေးကတော့ တကယ်ကိုချီးကျူးဖို့ကောင်းပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေလည်းများလာနေပြီး မီးဘေးကြောင့်စည်းစိမ်ဥစ္စာတွေဆုံးပါးခဲ့ရတဲ့ရွာသူရွာသားတွေလည်း များစွာရှိလာနေတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာလည်း ကင်းမရွာလေးရွာလုံးကျွတ် မီးလောင်ခဲ့ရပြီး အသက်ဆုံးရှုံးရတဲ့သက်ကြီးရွယ်အိုတွေပါ ရှိခဲ့ပါတယ်။

Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc

အခုလိုရွာလုံးကျွတ် မီးလောင်ပျက်ဆီးခဲ့ရတဲ့ ကင်းမရွာလေးအတွက် အိစိကွေးဟာ သူ့ရဲ့ Facebook စာမျက်နှာမှာ "ပြည်တွင်း ပြည်ပ မှ ကောက်ခံရရှိသမျှ အလှူငွေတွေကို ကင်းမရွာအတွက် တစ်အိမ်ထောင် ကို ၃၀၀၀၀ ကျပ်နှုန်းဖြင့် သွားရောက် လှူဒါန်းခဲ့ပါတယ် ကင်းမရွာသားတွေအတွက် ကူညီပေးနေတဲ့ ဘုန်းကြီးကျောင်းကိုလည်း ၁ သိန်းကျော် လှူဒါန်းပေးခဲ့ပါတယ် ကင်းမရွာကိုသွားလှူနိင်အောင် ကူညီပေးပါသောရွှေမြိုင်ဆရာတော်ကို ဒီကနေ ဦးတင်ပြီး ကျေးဇူးတင်ကြောင်း လျှောက်ထားပါတယ် ဘုရားခရီးစဉ်တောက်လျှောက် ကူညီပေးပါသော ဦးဇင်း Pawara ကိုလည်း ကျေးဇူးတင်ပါတယ်ဗျ လှူဒါန်းခဲ့ကြတဲ့အလှူရှင်တိုင်းကို အထူးကျေးဇူးတင်ပါတယ်ဗျ Oxygen အတွက်လည်း ကျွန်တော်တို့ ထပ်ပြီးကူနိင်အောင် အလှူကောက်ခံပါဦးမယ် အဲ့ကျရင်လည်း ပါဝင်ပေးကြပါဦးနော်....." ဆိုပြီး သူ့ရဲ့အလှူဒါနလေးကို ရေးသားမျှဝေလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc

သတင်း အရင်းအမြစ်Eisi Kway's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T