အောက်ဆီဂျင်ဆိုတဲ့ အသံကြားတိုင်း ရင်ထဲမှာ တစ်ဆို့ဆို့ကြီးဖြစ်လာပြီး မွန်းကြပ်လာတဲ့အထိ နာကျင်နေရကြောင်း ရင်ဖွင့်လာတဲ့ ညီထွဋ်ခေါင်

//s9.kh1.co/2f/2f0fd5ad25f581a4affcdd88a78c1713a9307a49.jpeg
အနုပညာရှင်များ

 ၁၃-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် ညီထွဋ်ခေါင်ရဲ့ ကောင်မလေးဟာ ဇူလိုင်လ (၁၀) ရက်နေ့တွင် နှလုံးရပ်ပြီး ရုတ်တရက်ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်များသာမကဘဲ အနုပညာအသိုင်းအဝိုင်းမှ ညီအစ်ကိုမောင်နှမများကလည်း ဒီသတင်းကြားကြားချင်း ညီထွဋ်ခေါင်ရဲ့အကြီးမားဆုံး ဆုံးရှုံးမှုအတွက်  ဝမ်းနည်းခဲ့ကြတာ ဖြစ်ပါတယ်။ သူ့ရဲ့ ကောင်မလေးဟာ အနုပညာလောကမှ မဟုတ်ပေမယ့်လည်း လူချစ်လူခင်ပေါများသူ တစ်ယောက်ဖြစ်ပါတယ်။

Photo Crd-Nyi Htut Khaung’s Facebook Account 
Photo Crd-Nyi Htut Khaung’s Facebook Account 
Photo Crd-Nyi Htut Khaung’s Facebook Account 
Photo Crd-Nyi Htut Khaung’s Facebook Account 

ညီထွဋ်ခေါင်ရဲ့ သူငယ်ချင်းတွေအပေါ်မှာလည်း တကယ့် မောင်နှမအရင်းတွေလို ကူညီစောင့်ရှောက်ပေးခဲ့သူ ဖြစ်ပါတယ်။ တန်ဖိုးထားချစ်ရတဲ့ ချစ်သူလေး ကွယ်လွန်သွားတဲ့အတွက် ညီထွဋ်ခေါင်တစ်ယောက် ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေပြီး သူ့ရဲ့ ခံစားချက်တွေကိုလည်း လူမှုကွန်ယက်ကနေတစ်ဆင့် ရင်ဖွင့်ရေးသားနေတာ ဖြစ်ပါတယ်။ သူ့ရဲ့ကောင်မလေးဟာ အောက်ဆီဂျင်အလုံအလောက်မရရှိခဲ့တဲ့အတွက် အခုလို အဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရတာပါ။

Photo Crd-Nyi Htut Khaung’s Facebook Account 
Photo Crd-Nyi Htut Khaung’s Facebook Account 
Photo Crd-Nyi Htut Khaung’s Facebook Account 
Photo Crd-Nyi Htut Khaung’s Facebook Account 

ညီထွဋ်ခေါင်ကလည်း " အောက်ဆီဂျင်ဆိုတဲ့ အသံကြားတိုင်း ရင်ထဲမှာ တစ်ဆို့ဆို့ကြီးဖြစ်လာပြီး မွန်းကြပ်လာတယ် မေရယ် ?? " ဆိုပြီး ရင်နင့်ဖွယ် ကောင်းလောက်အောင် ရေးသားထားတာ ဖြစ်ပါတယ်။ ကိုယ်ချစ်ရသူနဲ့သေကွဲကွဲရတဲ့အဖြစ်ဟာ  အတော်လေးကို ဝမ်းနည်းနာကျင်စရာလွန်းလှပါတယ်။ ဒါ့ကြောင့် အနားမှာ အတူရှိနေတုန်း တန်ဖိုးထားချစ်ခင်ကြပါလို့ တိုက်တွန်းရင်း ဒီသတင်းလေးကို ဝမ်းနည်းခြင်းများစွာဖြင့် တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-Nyi Htut Khaung’s Facebook Account 

Photo Crd-Nyi Htut Khaung’s Facebook Account 
Photo Crd-Nyi Htut Khaung’s Facebook Account 
Photo Crd-Nyi Htut Khaung’s Facebook Account 
Photo Crd-Nyi Htut Khaung’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T