ကိုဗစ်ကူးစက်ခံရရင် လုပ်ဆောင်ရမယ့်အချက်တွေနဲ့သောက်ရမယ့်ဆေးတွေကို ကိုယ်တွေ့အဖြစ်အပျက်ကနေ ​ပြောပြလိုက်တဲ့ ဘင်ဂျမင်ဆုမ်း

//s9.kh1.co/a2/a2eb67b42752ca30f332f77496ed89cc447ec8a1.jpg
အနုပညာရှင်များ

 ၁၁-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်ကူးစက်ခံရရင် လုပ်ဆောင်ရမယ့်အချက်တွေနဲ့သောက်ရမယ့်ဆေးတွေကို ကိုယ်တွေ့အဖြစ်အပျက်ကနေ ​ပြောပြလိုက်တဲ့ ဘင်ဂျမင်ဆုမ်း

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်ခံရတဲ့ လူနာတွေ၊ အသက်ရှူကြပ်လူနာတွေ၊ ကိုဗစ်ရောဂါကြောင့်သေဆုံးသွားတဲ့ ပြည်သူတွေလည်း တစ်ဖြည်းဖြည်းများပြားလာနေခဲ့ပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုအခြေအနေက တော်တော်လေးဆိုးရွားနေပြီး ဆေးရုံမတင်လိုက်ရဘဲ သေဆုံးသွားသူတွေရှိသလို အောက်ဆီဂျင်စက်မရရှိဘဲ အသက်ရှူကြပ်သေဆုံးသွားတဲ့ ပြည်သူတွေလည်းရှိကြပါတယ် ။ ဆေးဆရာဝန်တွေကလည်း သောက်ရမယ့်ဆေးတွေ၊ကြိုတင်ကာကွယ်ပုံတွေကို ပြောပြပေးနေကြသလိုကိုဗစ်ရောဂါပျောက်ကင်းသွားတဲ့ လူနာတွေကလည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို မျှဝေပေးလေ့ရှိပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုတော်ဘင်ဂျမင်ဆုမ်းကတော့ စစ်ဘေးရှောင်ပြည်သူတွေကို တတ်နိုင်သလောက်ကူညီပေးဖို့လုပ်ဆောင်ရင်း မီဇိုရမ်ပြည်နယ်မှာ ကိုဗစ်ကူးစက်ခံခဲ့ရတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုဗစ်ရောဂါပျောက်ကင်းသွားပြီဖြစ်တဲ့ သူကတော့ ကိုဗစ်ရောဂါကူးစက်ခံရတဲ့ ပြည်သူတွေအနေနဲ့ စိတ်ဓာတ်မကျဖို့နဲ့ မကြောက်ကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ယခုမှာတော့ ဘင်ဂျမင်ဆုမ်းတစ်ယောက် ကိုဗစ်ရောဂါကူးစက်ခံရရင် လုပ်ဆောင်သင့်တဲ့အရာတွေနဲ့သောက်သင့်တဲ့ဆေးတွေကို ကိုယ်တွေ့အဖြစ်အပျက်တွေကနေ ပြောပြလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo credit: benjamin sum ' s facebook page
Photo credit: benjamin sum ' s facebook page

သူကတော့ " covid-19 ဖြစ်ပြီဆို တော်တော်များများကကြောက်ပြီး စိတ်ဓါတ်ကျလာတာပါ။ကျွန်တော်ကိုယ်တိုင်လည်း ကြောက်ခဲ့ပါတယ် စိတ်ကျခြင်းက ရောဂါကို ပိုဆိုးစေတာကြောင့် အဓိက စိတ်မကျဖို့လိုပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် လက္ခဏာပြတာမတူတာရယ် ကျွန်တော်ကိုယ်တိုင် ဆေးလောကနယ်ပယ်ကမဟုတ်တဲ့အတွက် ဆေးတွေကိုတော့ ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးပေးပါဗျာ ကျွန်တော်ဖြစ်ခဲ့စဉ်က လုပ်ခဲ့တာလေးတွေကိုသာကျွန်တော် ပြန်လည်ဝေမျှတာ ဖြစ်ပါတယ်ခင်ဗျာ Vitamin C ၊ Zinc ၊ D3 တွေကိုဆရာဝန်ညွှန်ကြားချက်အတိုင်း ပုံမှန်သောက်ပါတယ်ဗျ။ကိုယ့်ရဲ့အခြေအနေအရ တခြားဆေးတွေလည်းသောက်ပါတယ်ခင်ဗျ။ကြောက်လန့်ပြီး ဆေးကိုလိုတာထက်အလွန်အကျွံမသောက်မိဖို့တော့လိုပါတယ်။အဖျားတစ်နေ့ (၃)ခါတိုင်းပါတယ်၊ oxygen level နဲ့ သွေးပေါင်တစ်နေ့ (၂) ခါတိုင်းပါတယ်။ရေနွေးငွေ့ကို အနည်းဆုံး တစ်နေ့သုံးကြိမ်ရှူပါတယ် (တကယ်အလုပ်ဖြစ်ပါတယ်ခင်ဗျ) အိပ်ရာနိုးတိုင်း ရေနွေးနဲ့ ဆားအရောကို အာခေါင်ထိရောက်အောင် ပလုတ်ကျင်းပါတယ် ဟင်းရည် or soup ပူပူတွေ သောက်ပါတယ်။ထမင်းစားခါနီးလည်း အစာကို ပူအောင်ပြန်လုပ်ပြီးမှ စားပါတယ်။ ရေခဲရေကိုလုံးဝရှောင်ထားပြီး ပုံမှန် room temperature ရေ နဲ့ရေနွေးကိုအမြဲသောက်ပါတယ်ဗျ အများကြီးအိပ်ပါ။ ညဘက်တွေကောင်းစွာ အိပ်စက်အနားယူဖို့လိုပါတယ် ၊ စိတ်ဖိစီးမှုများနေတဲ့ ကာလဖြစ်ပေမဲ့ အတတ်နိုင်ဆုံး စ်ိတ်ကိုလျော့ချပြီး ပျော်အောင်နေရင်း ကောင်းစွာအိပ်စက်အနားယူပါ ။ကိုယ်ခံအားနဲ့ပဲပြန်တိုက်ရတဲ့ virusဖြစ်တဲ့အတွက်ကြောင့် ကိုယ်ခံအားကောင်းဖို့ အားရှိစေတဲ့အစားအသောက်တွေ စားဖို့လိုပါတယ်ခင်ဗျ။ မျှော်လင့်ချက်ကိုလက်မလွှတ်ဘဲကိုယ်ယုံကြည်ရာ ဘာသာရေးကိုအားစိုက်လုပ်ပြီးကိုယ်ခံအားကောင်းအောင်သာ အဓိကနေထိုင်စားသောက်ရင်း အားတင်းထားကြမယ် ခင်ဗျာyou can do it.God Bless You"ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Source: benjamin sum ' s facebook page

Photo credit: benjamin sum ' s facebook page
Photo credit: benjamin sum ' s facebook page
 Photo credit: benjamin sum ' s facebook page
 Photo credit: benjamin sum ' s facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T