ကိုဗစ်နဲ့ဆုံးပါးသွားတဲ့ဖခင်နဲ့ ပတ်သက်ပြီးအမှတ်တရတွေကို ကြေကွဲ၀မ်းနည်းစွာပြောပြလာတဲ့ စိုပြေမြင့်

//s9.kh1.co/d9/d9dd3aea9fe4ec4ff3a6ee2221dddc8e5adc17e1.jpg
အနုပညာရှင်များ

 ၁၀-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

MRTV-4 ရဲ့မင်းသားတစ်ဦးဖြစ်တဲ့ စိုပြေမြင့်ရဲ့မိဘနှစ်ပါးလုံးအား ကိုဗစ်ကူးစက်ခံခဲ့ရတာကြောင့် ဇွန်လပိုင်းတည်းကဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။ မိခင်ဖြစ်သူပြန်လည်ကျန်းမာလာပေမယ့် ဖခင်ဖြစ်သူကတော့ ICUခန်းထဲမှာဆေးကုသမှုခံယူနေရင်းကနေ မနေ့ကဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ အခုလိုကိုဗစ်ရောဂါဆိုးကြီးကြောင့် ဆုံးပါးသွားတဲ့ဖခင်အတွက် စိုပြေမြင့်တစ်ယောက် ကြေကွဲ၀မ်းနည်းနေရသလို ဖခင်နဲ့ပက်သက်တဲ့အမှတ်တရလေးတွေကိုလည်း ပြန်လည်ရေးသားလာခဲ့ပါတယ်။

Photo credit-So Pyay Myint's Facebook acc
Photo credit-So Pyay Myint's Facebook acc

စိုပြေမြင့်က သူ့ရဲ့ Facebookစာမျက်နှာလေးမှာ "မွေးလားတဲ့အချိန်ကနေအစ ရင်ခွင်ထဲအမြဲထည့်ထားပြီးဖင်လေးကိုပုတ် သီချင်းလေးဆိုပြီး အိပ်ပျော်အောင်ချော့သိပ်တဲ့အဖေကျွန်တော်တို့မိသားစုကို ခုလိုနေနိုင်စားနိုင် လူတန်းစိဖြစ်လာအောင်ရှာဖွေကြွေးမွေးခဲ့တဲ့အဖေကျွန်တော်ဆယ်တန်းကျတုန်း ကတောင် ငါ့သားအားမငယ်နဲ့ မအောင်လဲဘာမှမဖြစ်ဖူးဒါပေမဲ့ တစ်နှစ်လောက်သေချာလေးကြိုးစားကြည့်ပါ့လားဆိုတော့ အဲ့လိုအားပေးတဲ့စကားတွေကြောင့် ကျွန်တော်ခုဆို ဘွဲ့တစ်ခုရတဲ့အထိ လူ့အသိုင်းအဝိုင်းမှာ မျက်နှာမငယ်အောင်လုပ်ပေးတဲ့အဖေကျွန်တော် သရုပ်ဆောင်လုပ်တော့လည်း ကျွန်တော့်ကားတွေလာရင်အမြဲအားပေးပြီး ဇာတ်သိမ်းပြီးဆိုတာနဲ့ အမြဲဝေဖန်သုံးသပ်ပေးတဲ့အဖေကျွန်တော်နဲ့တွေ့တိုင်း ငါ့သားငယ်လေးကိုတော့ အဖေစိတ်ချရင်အေးရပြီလို့ အမြဲပြောတဲ့အဖေ......။

Photo credit-So Pyay Myint's Facebook acc
Photo credit-So Pyay Myint's Facebook acc
Photo credit-So Pyay Myint's Facebook acc
Photo credit-So Pyay Myint's Facebook acc

ကျွန်တော့်ကိုဆို သူနဲ့ပတ်သတ်တဲ့အသိုင်းဝိုင်းမှာ ကျွန်တော့်သားကမင်းသားလေ လို့ပြောရင် အဖေကျွန်တော့်ကိုမင်းသားလို့မပြောနဲ့သရုပ်ဆောင်လို့ပဲပြောဆိုပြီး စကားနိုင်လုပြောခဲ့တဲ့အဖေ အမြဲတမ်းပျော်ပျော်နေပြီး သီချင်းတွေဟိုအော်ဆို ဒီအော်ဆို ဟာသတွေအမြဲပြောတတ်တဲ့အဖေ ဒီလိုအဖေတစ်ယောက်ရဲ့နောက်ဆုံးခရီထိကို ကျွန်တော်တို့ အကောင်းဆုံးလုပ်ပေးလိုက်ရတဲ့အတွက် ကျွန်တော်ကျေနပ်ပါတယ်။အဖေကသူတော်ကောင်းကြီးပါ မိသားစုတစ်ခုမှာ မှားတာတွေရှိခဲ့ရင်လည်း အကုန်ခွင့်လွှတ်ကြမယ်နော် ကျွန်တော့်ကြောင့် ကျွန်တော့် အဖေနဲ့အမေ စိတ်ဆင်းရဲရတယ်ဆိုတာလည်းမရှိအောင်ကျွန်တော်ခုချိန်ထိနေခဲ့နိုင်လို့ ကျွန်တော်ဂုဏ်ယူပါတယ်။ ခုကျွန်တော်မှာ ကျွန်တော့်အမေအတွက် အလုပ်တွေပိုကြိုးစားရမယ်။၉.၇.၂၀၂၁ ကို အမြဲသတိရနေပါတယ်။

အဖေကောင်းရာသုဂတိလားပါစေ ??????

မိသားစုတိုင်း မိသားစုတိုင်း ဒီ ကိုဗစ်ရောဂါဆိုးကြီးမှ အမြန်ဆုံးလွတ်မြောက်ကြပါစေနော် ??????......" ဆိုပြီး ၀မ်းနည်းစွာနဲ့ရေးသားမျှဝေလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-So Pyay Myint's Facebook acc
Photo credit-So Pyay Myint's Facebook acc
Photo credit-So Pyay Myint's Facebook acc
Photo credit-So Pyay Myint's Facebook acc

သတင်း အရင်းအမြစ်So Pyay Myint's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T