အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် သူမရဲ့လက်ရှိပုံရိပ်အား ဝေမျှပေးလာတဲ့ မေတိုးခိုင်

//s9.kh1.co/0b/0be93d99a6a801af9f7160a37e306b20108c3bba.jpeg
အနုပညာရှင်များ

 ၀၉-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မေတိုးခိုင်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခံရပြီး မကြာခင်မှာဘဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။  သူမဟာ အကျဉ်းထောင်ထဲတွင်နှစ်လကြာ နေထိုင်ခဲ့ရပြီး လွန်ခဲ့တဲ့ တစ်ပတ်လောက်ကလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတဲ့အထဲတွင် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ပြန်လည်လွတ်မြောက်လာခဲ့တဲ့အတွက် အနုပညာအသိုင်းအဝိုင်းမှ ညီအစ်ကိုမောင်နှမများနဲ့ မေတိုးခိုင်ကို ချစ်ကြတဲ့ ပရိသတ်များအားလုံးဝမ်းသာပျော်ရွှင်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Crd-May Toe Khine’s Instagram Account 
Photo Crd-May Toe Khine’s Instagram Account 
Photo Crd-May Toe Khine’s Instagram Account 
Photo Crd-May Toe Khine’s Instagram Account 

လူမှုကွန်ယက်ပေါ်ကနေ အချိန်အကြာပြီး ပျောက်ကွယ်သွားပြီး မနေ့ညမှာဘဲ သူမရဲ့Instagram အကောင့်တွင်လက်ရှိ ပုံလေးတစ်ပုံ တင်ပေးလာတာ ဖြစ်ပါတယ်။ သူမကလည်း ဒီကာလမှာ ချစ်ခြင်းမေတ္တာတွေနဲ့ ကူညီပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ ကျန်းမာရေးလည်း ဂရုစိုက်ကြဖို့ ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်များကလည်း  မေတိုးခိုင်ရဲ့လက်ရှိပုံလေးအား အလွမ်းပြေမြင်တွေ့လိုက်ရတဲ့အတွက် ဝမ်းသာနေကြပြီး ကျန်းမာရေးဂရုစိုက်ဖို့ကိုလည်း comments များ ရေးသားထားကြတာကို မြင်တွေ့ရပါတယ်။

Photo Crd-May Toe Khine’s Instagram Account 
Photo Crd-May Toe Khine’s Instagram Account 
Photo Crd-May Toe Khine’s Instagram Account 
Photo Crd-May Toe Khine’s Instagram Account 

အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်များနဲ့ ပြည်သူတွေအားလုံး အမြန်ဆုံးလွတ်မြောက်ကြဖို့အတွက် အားလုံးက နေ့စဉ်ဆုတောင်းမေတ္တာပို့သပေးနေကြတာ ဖြစ်ပါတယ်။ ဘယ်လိုအကြောင်းမျိုးနဲ့ဖြစ်ဖြစ် ကြုံတွေ့ခဲ့ရပေမယ့် နောက်မဆုတ်ဘဲ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေရပ်တည်ပေးကြသူများအားလုံး လေးစားဂုဏ်ယူစရာကောင်းလှပါတယ်။ အရေးတော်ပုံကြီးအောင်မြင်သွားတဲ့အခါ ဓမ္မဘက်ကရပ်တည်ပေးကြတဲ့ အနုပညာရှင်များနဲ့ အဆိုတော်များအား အရင်ကထက်ပိုပြီး အားပေးကြဖို့ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-May Toe Khine’s Instagram Account 

Photo Crd-May Toe Khine’s Instagram Account 
Photo Crd-May Toe Khine’s Instagram Account 
Photo Crd-May Toe Khine’s Instagram Account 
Photo Crd-May Toe Khine’s Instagram Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T