ကိုဗစ်ရောဂါတိုက်ထုတ်ပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သီချင်းတွေဆိုပြပြီး ချီးကျူးစကားပြောနေခဲ့တဲ့ အနုပညာရှင်တွေရဲ့အမှတ်တရဗီဒီယို

//s9.kh1.co/10/10a5e0d44881f916a1c2fca40f725b5ce49108e0.jpg
အနုပညာရှင်များ

 ၀၈-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်ရောဂါတိုက်ထုတ်ပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သီချင်းတွေဆိုပြပြီး ချီးကျူးစကားပြောနေခဲ့တဲ့ အနုပညာရှင်တွေရဲ့အမှတ်တရဗီဒီယို

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ကိုဗစ်ကူးစက်ခံရတဲ့ လူနာတွေပြန်တွေ့နေရပြီး ကိုဗစ်ရောဂါကူးစက်မှုကြောင့် နေ့စဥ်လူသေဆုံးမှုတွေလည်းရှိနေခဲ့ပါတယ်။ အရင်အစိုးရလက်ထက်တုန်းက အလွှာအသီးသီးက ပြည်သူတွေနဲ့အတူပူးပေါင်းပြီး စည်းစည်းလုံးလုံးနဲ့ကိုဗစ်ကို တိုက်ထုတ်ခဲ့ပေမယ့် ယခုအချိန်မှာတော့ ထိန်းမနိုင်သိမ်းမရအခြေအနေကို ရောက်ရှိနေပါတယ်။ ပြည်သူတွေကတော့ အမေစုအစိုးရလက်ထက်နဲ့ ယခုလက်ထက် အလွန်ကွာခြားမှုရှိကြောင်းကို ဓာတ်ပုံတွေ၊ဗီဒီယိုဖိုင်တွေနဲ့ နှိုင်းယှဥ်ပြီး ရေးသားပြောဆိုနေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ အမေစုအစိုးရလက်ထက်တုန်းက ကိုဗစ်ရောဂါတိုက်ထုတ်ပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သီချင်းတွေဆိုပြပြီး ချီးကျူးစကားတွေဆိုနေခဲ့တဲ့ အနုပညာရှင်တွေရဲ့ အမှတ်တရဗီဒီယိုဖိုင်လေးတစ်ခု လူမှုကွန်ယက်ထက်မှာ ပျံ့နှံ့လာနေခဲ့ပါတယ်။ အဆိုပါဗီဒီယိုလေးဟာ အရင်အစိုးရလက်ထက်က ကိုဗစ်ရောဂါတိုက်ထုတ်ခဲ့ပုံကို ပြန်လည်မြင်ယောင်လာစေခဲ့ပါတယ်။ ပြည်သူတစ်ယောက်ဟာ အဆိုပါဗီဒီယိုဖိုင်လေးကိုကြည့်ပြီး ယခုကိုဗစ်တတိယလှိုင်းမှာ အရင်လိုခေါင်းဆောင်ကောင်းမရှိတော့တာကြောင့် ဂရုစိုက်ကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပြည်သူတစ်ဦးက " ယခု Covid တတိယလှိုင်းမှာ အရင်လို ခေါင်းဆောင် မရှိတော့ဘူး အရင်လို ဆရာဝန်တွေ မရှိတော့ဘူး အရင်လို အလှူရှင်တွေ မရှိတော့ဘူး အရင်လို Volunteerတွေ မရှိတော့ဘူး အားလုံး ပိုပြီး ဂရုစိုက်ကြပါ "ဆိုပြီး အဆိုပါဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ကိုဗစ်ရောဂါပိုးကို ကြိုးကြိုးစားစားတိုက်ထုတ်ပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တတ်မြောက်တဲ့ အဆိုပညာနဲ့ ဖျော်ဖြေပေးနေတဲ့ အဆိုတော်တွေရဲ့ အမှတ်တရဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်ကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T