Covid -19 Positive နဲ့ သေဆုံးသွားတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကို ကိုယ်တိုင်ထုပ်ပိုး ကူညီပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/30/300fd1f982386b8fab295587ae4fea055ecedd99.jpeg
အနုပညာရှင်များ

 ၀၈-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာနိုင်ငံမှာ ကိုဗစ် ကူးစက်ခံရသူတွေ ထောင်နဲ့ချီပြီး တစ်နေ့ထက်တစ်နေ့ ပိုပိုများပြား လာလျက်ရှိပါတယ် ။ အဓိကကတော့ စနစ်တကျ ကုသမှုတွေ မပေးနိုင်တာက တစ်ကြောင်း ရောဂါ အခံရှိသူနဲ့ ၊ အောက်ဆီဂျင်မလုံလောက်မှုတွေကြောင့် ဖြစ်ပါတယ် ။ စေတနာရှင် ပြည်သူတွေနဲ့ ပရဟိတ အသင်းတွေကလည်း ခုချိန်မှာ အောက်ဆီဂျင် အိုးများလှူဒါန်းပေးကြသလို လုပ်အားတွေနဲ့လည်း ကူညီမှုတွေ တတ်နိုင်သလောက် ပြုလုပ်ပေးနေကြတာပါ ။

hoto Credit : Wai Lu Kyaw Facebook Page 
hoto Credit : Wai Lu Kyaw Facebook Page 
hoto Credit : Wai Lu Kyaw Facebook Page 
hoto Credit : Wai Lu Kyaw Facebook Page 

ဒီလို လုပ်ဆောင်ပေးနေကြတဲ့ အထဲမှာ ဝေဠုကျော် ဖောင်ဒေးရှင်းလည်း အပါအဝင်ပါပဲ ။ ကိုဗစ်ရောဂါတွေ စတင် ကူးစက် ဖြစ်ပွားကတည်းက လိုအပ်နေတဲ့ နေရာများကို အောက်ဆီဂျင်အိုးတွေ နဲ့ ပိုးသတ်ဆေးရည်များကို လှူဒါန်းပေးခဲ့တာ တွေ့ရပါတယ် ။ ဒါ့အပြင် ညပိုင်းတွေမှာလည်း မြို့နယ် အချို့ကို ပိုးသတ်ဆေးများ ပက်ဖျန်းပေးခြင်းတွေ လုပ်ဆောင်ပေးလျက်ရှိပါတယ် ။  

hoto Credit : Wai Lu Kyaw Facebook Page 
hoto Credit : Wai Lu Kyaw Facebook Page 
hoto Credit : Wai Lu Kyaw Facebook Page 
hoto Credit : Wai Lu Kyaw Facebook Page 

မနေ့ညကဆိုရင်လည်း Positive လူနာတွေကို ထားရှိတဲ့ စင်တာမှာ အမျိုးသမီး တစ်ဦး ကိုဗစ်ရောဂါနဲ့ သေဆုံး ခဲ့တာကြောင့် သူကိုယ်တိုင်သွားရောက်ကာ ပိုးကူးစက်မှာကိုပင် မစိုးရိမ်ဘဲ စနစ်တကျ ထုတ်ပိုးပြီး ကူညီပို့ဆောင် ပေးခဲ့ကြောင်းကို ဝေမျှထားတာတွေ့ရပါတယ် ။ ဝေဠုကျော်ရဲ့ ပရဟိတ စိတ်ဓာတ်လေးကတော့ တကယ်ကို လေးစားစရာပါပဲနော် ။ ဒီသတင်းလေးကို ဝေမျှပေးရင်း ပြည်သူ အားလုံးလည်း ဒီရောဂါကပ်ဆိုးကြီးကနေ အားလုံး ကင်းဝေကြပါစေ ဆုတောင်းပေးရင်း အပြင်ထွက်တိုင်း Mask ကို နှစ်ထပ် တပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ် ။

hoto Credit : Wai Lu Kyaw Facebook Page 
hoto Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T