ကိုဗစ်တတိယလှိုင်းမှာ ကိုယ့်အားကိုယ်ကိုးပြီး ကာကွယ်ရမှာဖြစ်လို့ ပြည်သူတွေအတွက် အဓိကအရေးကြီးတာတွေကို အကြံပြုပြောပြလာခဲ့တဲ့ ဒေါင်း

//s9.kh1.co/6b/6bb388a3e2d9facc67914a138fa71ba1218d31d6.jpg
အနုပညာရှင်များ

 ၀၇-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာ တစ်ကျော့ပြန်ဖြစ်ပွားလာခဲ့တဲ့ ဗီဇပြောင်း ကိုဗစ်ရောဂါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကူးစက်နှုန်းဟာ သိသိသာသာကို မြင့်တက်လာတာတွေ့ရပါတယ်။ ယခုတစ်ခါ တတိယလှိုင်း ကိုဗစ်ကူးစက်မှုကတော့ အရင်ဖြစ်ပွားခဲ့ ကိုဗစ်ဒုတိယလှိုင်းတွေထက်တောင် တစ်နေ့တာ ကူးစက်နှုန်းလည်း မြင့်တက်လာသလို သေဆုံးလူဦးရေးကလည်း များလာခဲ့ရပါတယ်။ဒါ့အပြင် ဇူလိုင်လ (၆)ရက်နေ့ ည(၈)နာရီ ကိုဗစ်ရောဂါထုတ်ပြန်ချက်တွေရ ပိုးတွေ့အတည်ပြုလူနာသစ်(၃၆၀၂)ဦးဖြစ်ပြီး ထပ်မံသေဆုံး (၅၂)ဦးရှိခဲ့ပါတယ်။

Photo Credit - DAUNG fb account
Photo Credit - DAUNG fb account
Photo Credit - DAUNG fb account
Photo Credit - DAUNG fb account

ဒါဟာ မြန်မာပြည်မှာ စံချိန်တင်လောက်တဲ့ ကူးစက်မှုနှုန်းနဲ့ သေဆုံးသူဦးရေ မြင့်မားခဲ့တဲ့ ဆိုးဆိုးရွားရွား နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ယခုအချိန်အခါမှာ ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရေးကို အာဏာရှင်များက လုပ်ဆောင်ပေးနေတာကြောင့် အရင်လို ကျန်းမာရေးစောင့်ရှောက်ပေးမှုတွေ မလုံလောက်တာလည်း တွေ့နေရပါတယ်။ ယခုလို ကိုဗစ်တတိယလှိုင်းမှာ မိမိကိုယ်ကိုယ်ကိုပဲ အားကိုးရမှာဖြစ်တာကြောင့် ဂရုတစိုက်သွားလာနေထိုင်ရမှာဖြစ်ပါတယ်။

Photo Credit - DAUNG fb account
Photo Credit - DAUNG fb account
Photo Credit - DAUNG fb account
Photo Credit - DAUNG fb account

ဒီလို ရောဂါကူးစက်မှုမရှိအောင် ဂရုတစိုက်နေထိုင်သွားလာဖို့အတွက် ပြည်သူတွေနဲ့အတူ အမြဲတမ်းရပ်တည်ပေးနေတဲ့ သရုပ်ဆောင်ဒေါင်းကလည်း သူ့ရဲ့ လူမှုကွန်ယက်မှာ ပြည်သူတွေအတွက် အကြံပြုပြောဆိုလာခဲ့တာတွေ့မြင့်ရပါတယ်။ သူ့ရဲ့ အကြံပြုချက်တွေအရ ကိုဗစ်ရောဂါပျောက်ကင်းတဲ့ဆေးဟာ ယခုအချိန်ထိမရှိသေးတာကြောင့် ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ဖို့လည်း လိုအပ်ပါတယ်။ဒါ့အပြင် မလိုအပ်ဘဲ ဆေးတွေကို အလွန်းအကျွံမသောက်သုံးမိဖို့ကိုလည်း အထူးသတိထားရပါမယ်။ ဘာကြောင့်လည်းဆိုရင် ဆေးတွေအလွန်းအကျွံသောက်သုံးမိရင်တော့ ကျောက်ကပ်ပျက်စီးတာတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒီလိုမျိုးတွေ မဖြစ်စေဖို့အတွက် ပြည်သူတွေအနေနဲ့လည်း ဂရုတစိုက်သတိထားနေရမယ့်အချိန်လေးဖြစ်တာကြောင့် ဒေါင်းရဲ့ အကြံပြုချက်တွေကိုတော့ ပြန်လည်ဖတ်ရှု့လို့ရအောင် ပြန်လည်ဖော်ပြပေးထားပါတယ်။

Photo Credit - DAUNG fb account
Photo Credit - DAUNG fb account

သတင်း အရင်းအမြစ်Source - DAUNG fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T