သူငယ်ချင်းရေမွန်အတွက်ရည်စူးပြီး ကောင်းမှုကုသိုလ်တွေကိုယ်တိုင်သွား‌ရောက်ပြုလုပ်ခဲ့တဲ့ သင်ဇာ၀င့်ကျော်

//s9.kh1.co/22/2218e3043c0bc31fb4be4eebddf5e9dfc45fcaa3.jpg
အနုပညာရှင်များ

 ၀၁-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ယမန်နေ့ဇွန်လ (၂၃)ရက်နေ့က မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ အဆိုတော်တစ်ယောက်ဖြစ်တဲ့ Idiotsအဖွဲ့၀င် ရေမွန်ဟာ ဘ၀တပါးကူးပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။ ရေမွန်ဆုံးပါးသွားတဲ့သတင်းကြောင့် အနုပညာအသိုင်းအဝိုင်းကသူတွေသာမက တစ်နိုင်ငံလုံးကပရိသတ်တွေအတော်များများယူကြုံးမရ ၀မ်းနည်းခဲ့ကြရပြီး ရေမွန့်အမှတ်တရတွေနဲ့အတူ RaymondTreeဆိုတဲ့ campaignလေးပြုလုပ်ကာ သစ်ပင်လေးတွေစိုက်ကြတာလည်းတွေ့ရပါတယ်.....။

Photo credit-​ Thin Zar Wint Kyaw's Facebook acc
Photo credit-​ Thin Zar Wint Kyaw's Facebook acc
Photo credit-​ Thin Zar Wint Kyaw's Facebook acc
Photo credit-​ Thin Zar Wint Kyaw's Facebook acc

ရေမွန့်ရဲ့ မိတ်ဆွေတွေနဲ့ ဆွေမျိုးမိဘတွေကလည်း ရေမွန့်ကိုရည်စူးကာကောင်းမှုကုသိုလ်တွေပြုလုပ်ပေးခဲ့ကြပြီး ပရိသတ်တွေကလည်းစုပေါင်းအလှူလေးတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ရေမွန့်ရဲ့သူငယ်ချင်းမိတ်ဆွေဖြစ်တဲ့ သင်ဇာ၀င့်ကျော်ကလည်း ဒီကနေ့လေးမှာကောင်းမှုကုသိုလ်လေးတွေသွားရောက်ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ သင်ဇာ၀င့်ကျော်နဲ့ရေမွန်တို့က အရမ်းခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတွေဖြစ်ကြပြီး ရေမွန့်ဆီက၀ယ်ထားတဲ့သီချင်းလေးတွေတောင် မဆိုဖြစ်ရသေးဘူးလို့သိရပါတယ်။

Photo credit-​ Thin Zar Wint Kyaw's Facebook acc
Photo credit-​ Thin Zar Wint Kyaw's Facebook acc

မကြာသေးမီကသင်ဇာက သူမရဲ့ Facebookစာမျက်နှာမှာ "ဒီနေ့အောင်ဇမ္ဗူကျောင်းမှာ သူငယ်ချင်းတွတ်ပီအတွက်ရည်စူးပြီးနေ့ဆွမ်းအလှူ ရေစက်ချဆရာတော်ငါးပါးအတွက် သင်္ကန်းနှင့်နဝကမ္မ အလှူလေးပြုလုပ်ခဲ့ပါတယ် ဤကုသိုလ်ကောင်းမှုအစုစုတို့ကို သူငယ်ချင်းလေး တွတ်ပီ ရောက်ရာအရပ်ကသာဓုခေါ်နိုင်ပါစေ ??...." ဆိုပြီးရေးသားကာ ပုံလေးတွေမျှဝေလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Thin Zar Wint Kyaw's Facebook acc
Photo credit-​ Thin Zar Wint Kyaw's Facebook acc
Photo credit-​ Thin Zar Wint Kyaw's Facebook acc
Photo credit-​ Thin Zar Wint Kyaw's Facebook acc

သတင်း အရင်းအမြစ်Thin Zar Wint Kyaw's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T