သွပ်ပြားရှရာကနေ ဆေးမကုသနိုင်လို့ ခြေထောက်ပုတ်သွားရတဲ့ ချို့တဲ့သူ အဘအတွက် ငွေကြေးထောက်ပံ့မှုတွေလုပ်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/1b/1b75365a0862c762656de6321287576e3d013f33.png
အနုပညာရှင်များ

 ၀၁-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ဆင်းရဲလွန်းတဲ့ဘဝတွေမှာ အရာရာဟာမျက်နှာငယ်ရလွန်းပါတယ်။ ဧရာဝတီတိုင်း မော်ကျွန်းဖက်က ငွေကြေးချို့တဲ့သူအဘတစ်ယောက်ဟာ သွပ်ပြားရှတဲ့ ဒဏ်ရာလေးကို အချိန်မီဆေးကုသဖို့ ငွေကြေးအခက်အခဲရှိခဲ့ရာကနေ ခြေထောက်တစ်ဖက် ပုတ်သွားတဲ့အထိ ပြင်းထန်တဲ့ဝေဒနာကို ခံစားခဲ့ရပါတယ်။ ကလေးတို့မေမေ ခိုင်နှင်းဝေဟာ ချို့တဲ့သူတွေကို အမြဲစေတနာထားပြီး လှူဒါန်းတတ်တာကြောင့် ဒီအဘအတွက်လည်း အလှူငွေ (၂) သိန်းကျပ် လှူဒါန်းပေးခဲ့ပါတယ်။ ဆင်းရဲလွန်းလို့ဆေးမကုရာကနေ အပ်နဲ့ထွင်းရမယ့်နေရာကို ပုဆိန်နဲ့ပေါက်ရတဲ့အထိ ဖြစ်သွားခဲ့တာ စိတ်မကောင်းစရာပါ။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

မော်ကျွန်းကနေရန်ကုန်ထိတကူးတကလာရောက်ပြီးအကူအညီတောင်းခံရတဲ့ အဘရဲ့ အခက်အခဲကို စာနာပြီးကူညီပေးခဲ့တဲ့ မေမေခိုင်ရဲ့စေတနာကတော့ သာဓုအကြိမ်ကြိမ် ခေါ်ဆိုထိုက်ပါတယ်။ ကလေးတွေရဲ့ဘဝတွေကိုလုံခြုံအောင်စောင့်ရှောက်ပေးသလို အကူအညီလိုအပ်သူတိုင်းကိုလည်း မျက်နှာမလွှဲဘဲကူညီပေးတတ်သူပါ။ တစ်ခုခုအခက်အခဲဖြစ်တိုင်း ခိုင်နှင်းဝေဆိုပြီး သတိတရရှိအောင်ကို သူမရဲ့စေတနာတွေဟာ ပေါ်လွင်လွန်းနေပါတယ်။ အမြဲတမ်းစိတ်ကောင်းထားပြီး ကူညီပေးတတ်တာကြောင့် အားလုံးရဲ့အချစ်တော် ပရဟိတမင်းသမီးလေးဖြစ်နေခဲ့တာပါ။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သူမရဲ့ပီတိဖြစ်စရာအလှူပုံရိပ်တွေကို " ဧရာဝတီတိုင်း မော်ကျွန်းဖက်မှ ခြေထောက်တစ်ဘက် ပုပ်သွား၍ ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်နေသော အဘအတွက် အလှုငွေ (၂) သိန်းကျပ် မ,တည် လှူဒါန်းပေးခဲ့ ပါတယ်ရှင် သွပ်ပြားရှရာမှ အချိန်မီဆေးကုသမှုမခံယူ၍ ယခုလို ဖြစ်သွားတဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်..ဆေးကုသရန် ငွေကြေးမတတ်နိုင်ကြောင်းလဲ စုံစမ်းသိရှိရ၍ တတ်နိုင်သလောက် လှူပေးဖြစ်ပါတယ် ခြေထောက်ဖြတ်ရတဲ့အထိမဖြစ်ဘဲ အသားအစားထိုးရုံနဲ့ ပြန်ကောင်းပါစေလို့ ဆုတောင်းပေးပါတယ်ရှင်..??? " ဆိုပြီး ဝေမျှလာခဲ့ပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သတင်း အရင်းအမြစ်Khine Hnin Wai's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T