ပြန်လည်လွတ်မြောက်လာကာ နေအိမ်ကိုရောက်ရှိနေပြီဖြစ်တဲ့ မေတိုးခိုင်ရဲ့သတင်းကောင်းလေးကို အသိပေးပြောပြလာတဲ့ ညီမဖြစ်သူနဲ့ သဇင်ထူးမြင့်

//s9.kh1.co/ed/eda203d7d1d5d6066016c63b53c199314efef033.jpeg
အနုပညာရှင်များ

 ၃၀-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီး တရားစွဲခံထားရသူ (၂၀၀၀)ကျော်ကို လွှတ်ပေးခဲ့ရာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရတဲ့ သရုပ်ဆောင် မေတိုးခိုင်လည်း ပြန်လည်လွတ်မြောက်လာပြီ ထြစ်ပါတယ်..။

မေတိုးခိုင်ကတော့ ပြီးခဲ့တဲ့လပိုင်းတွေကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာတဲ့အတွက် မိသားစုဝင်တွေအပြင် ပရိသတ်တွေကပါ ဝမ်းသာပျော်ရွှင်နေကြတာ ဖြစ်ပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit

ပြန်လည်လွတ်မြောက်လာပြီး လက်ရှိမှာ နေအိမ်ရောက်ရှိနေပြီဖြစ်တဲ့ မေတိုးခိုင်ရဲ့ သတင်းကောင်းလေးကို ညီမဖြစ်သူက ပရိသတ်တွေကို ပြန်လည်ဝေမျှထားတာ ဖြစ်ပါတယ်..။

"မဖူးအိမ်ပြန်ရောက်ပါပြီ 

ဦးတီနဲ့တီဝဲတော့မပါလာသေးပါဘူး.." ဆိုပြီး မေတိုးခိုင်ရဲ့ ညီမလေးဖြစ်သူက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Htein Htein Thar's Fb Acc
Photo Credit - Htein Htein Thar's Fb Acc
Phoyo Credit - Htein Htein Thar's Fb Acc
Phoyo Credit - Htein Htein Thar's Fb Acc

​လက်ရှိအခြေအနေတွေမှာ ရှောင်တိမ်းနေရတဲ့ သရုပ်ဆောင် သဇင်ထူးမြင့်ကလည်း အဆိုပါသတင်းကောင်းလေးနဲ့ ပတ်သက်ပြီး "မဖူးပြန်ရောက်ပါပြီ♥️

ကျန်ခဲ့တဲ့သူအားလုံးလည်း အပြစ်မရှိတဲ့သူတွေမို့အမြန်ဆုံး လွတ်စေချင်ပြီ…" ဆိုပြီး ဝမ်းသာစွာနဲ့ ပြောပြထားပြီး ဆုတောင်းစကားလေးလည်း ဆိုထားတာ တွေ့ရပါတယ်..။

​မေတိုးခိုင်ပြန်လည်လွတ်မြောက်လာခဲ့တဲ့အတွက် အားလုံးကဝမ်းသာပျော်ရွှင်နေကြသလို ပြေတီဦး၊ အိန္ဒြာကျော်ဇင်အပြင် အခြားကျန်ရှိနေသေးတဲ့ အနုပညာရှင်တွေနဲ့ ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ကြဖို့ ပရိသတ်တွေက ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်..။

Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc

သတင်း အရင်းအမြစ်Htein Htein Thar's Fb Acc



Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T