ထောင်ဗူးပေါက်ဝမှာ လွတ်မြောက်လာမယ့်မိသားစုဝင်ကိုမျှော်နေတဲ့ သူစိမ်းတွေရဲ့ပုံရိပ်လေးကြောင့် မျက်ရည်ကျမိတယ်ဆိုတဲ့ ဇာဇာထက်

//s9.kh1.co/1d/1df01a5623feb9196986bf14f2f3b6cde8d3fd13.jpeg
အနုပညာရှင်များ

 ၃၀-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

ဒီကနေ့ ဇွန်လ(၃၀)ရက်နေ့ကတော့ ပြည်သူတွေအတွက် သတင်းကောင်းလေးတွေ ရှိနေခဲ့ပြီး အကျဉ်းသားတွေ တော်တော်များများလွတ်မြောက်လာခဲ့ပါတယ်..။

အကျဉ်းသားနှစ်ထောင်ကျော် လွှတ်ပေးမယ်ဆိုတဲ့ သတင်းကြောင့် မိသားစုဝင်တွေတော်တော်များများဟာ မနက်အစောပိုင်းကတည်းက ထောင်ပေါက်ဝမှာ မျှော်လင့်တကြီး စောင့်ဆိုင်းနေကြပြီး သက်ကြီးရွယ်အိုတွေပါ နေပူကြဲတဲ စောင့်မျှော်နေကြတာဟာ တကယ်ကို စိတ်မကောင်းစရာ ကောင်းလွန်းပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

အသက်အရွယ်ကြီးရင့်နေပေမယ့်လည်း အကျဉ်းထောင်အပေါက်ဝမှာ လွတ်မြောက်လာမယ့်မိသားစုဝင်ကိုမျှော်နေတဲ့ သူစိမ်းတွေရဲ့စိတ်မကောင်းစရာပုံရိပ်လေးကြောင့် ဇာဇာထက်ကလည်း မျက်ရည်ကျမိတဲ့အကြောင်းတွေ ပြောပြလာပါတယ်..။

မိသားစုဝင်တွေ ပါ မပါကို သေချာ မသိပေမယ့်လည်း ထောင်ဗူးဝမှာ နေပူပူထဲ အပင်ပန်းခံ စောင့်ကြိုနေကြရှာတဲ့ ပြည်သူတချို့ရဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်း ဝမ်းနည်းစိတ်မကောင်းဖြစ်နေတာဆိုလည်း မမှားပါဘူး..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

"သူစိမ်းပုံလေးတွေကြောင့် ကျမိတဲ့မျက်ရည်?

မျှော်လင့်ခြင်း 

ဆိုတာ 

နာကျင်ရကောင်းမှန်းမသိဘူး

ဗိုက်ဆာရကောင်းမှန်းမသိဘူး

ရေဆာလောင်‌နေလည်းမသိဘူး

မောပန်းရမှန်းမသိဘူး

ဘာမှမသိအောင် 

ဂရုမစိုက် ခြင်းအနုပညာများနဲ့အတူ

မျှော် လင့် 

နေတုန်း ပါပဲ 

မဆုံ နိုင်သရွေ့ပေါ့.." ဆိုပြီး ဇာဇာထက်က စိတ်မကောင်းစွာ ပြောပြထားတာ ဖြစ်ပါတယ်..။

မျှော်လင့်ချက်တွေနဲ့ စိုးရိမ်ပူပင်စွာ စောင့်ဆိုင်းနေကြရတဲ့ ပြည်သူတွေမှာ မိသားစုတွေနဲ့ ပြန်လည်ဆုံဆည်းနိုင်ကြသလို မလွတ်မြောက်သေးသူတွေလည်း အမြန်ဆုံး ကျန်းကျန်းမာမာနဲ့ အမြန်ဆုံးပြန်လည်လွတ်စေဖို့ ဆုတောင်းလိုက်ပါတယ်နော်..။

Photo Credit - Original Uploader
Photo Credit - Original Uploader


သတင်း အရင်းအမြစ်Zar Htet's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T