သရုပ်ဆောင်ပိုင်တံခွန် လွတ်မြောက်လာပြီလို့ လက်ရှိမှာထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဖြေရှင်းလာတဲ့ သူ့ရဲ့မိသားစုဝင်တစ်ဦး

//s9.kh1.co/55/554f2e35715f852887ece5b57f1db24eede35824.jpg
အနုပညာရှင်များ

 ၃၀-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

သရုပ်ဆောင်ပိုင်တံခွန် လွတ်မြောက်လာပြီလို့ လက်ရှိမှာထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဖြေရှင်းလာတဲ့ သူ့ရဲ့မိသားစုဝင်တစ်ဦး

ယနေ့ဇွန်လ (၃၀)ရက်နေ့မှာတော့ မြန်မာတစ်နိုင်ငံလုံးရှိ အကျဥ်းထောင်တွေကနေ အကျဥ်းသား (၂၀၀၀)ကျော်ခန့်ကို လွှတ်ပေးမှာဖြစ်ကြောင်း သတင်းတွေထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေရဲ့မိသားစုဝင်တွေက ထောင်ပေါက်ဝအရှေ့မှာ မနက်ကတည်းက သွားစောင့်နေကြတာ ဖြစ်ပါတယ်။ ယနေ့ညနေပိုင်းမှာတော့ မြစ်ကြီးနား၊ထားဝယ်၊လားရှိုးတို့မှာရှိတဲ့ အကျဥ်းထောင်တွေကနေ ဖမ်းဆီးခံပြည်သူတစ်ချို့ လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Paing TaKhon's FB Acc
Photo Credit-Paing TaKhon's FB Acc

ယနေ့မှာလွတ်မြောက်လာမယ့် ပြည်သူတွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တွေလည်း ပါဝင်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အားလုံးက စောင့်စားနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူမှုကွန်ယက်စာမျက်နှာတွေထက်မှာတော့ သရုပ်ဆောင်ပိုင်တံခွန် လွတ်မြောက်လာပြီဆိုပြီး သတင်းအမှားတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ပိုင်တံခွန်ရဲ့မိသားစုဝင်တစ်ဦးက ပြန်ဖြေရှင်းထားတာလည်း တွေ့ရပါတယ်။

Photo Credit-May Chit Thway's FB Acc
Photo Credit-May Chit Thway's FB Acc
Photo Credit-May Chit Thway's FB Acc
Photo Credit-May Chit Thway's FB Acc
Photo Credit-May Chit Thway's FB Acc
Photo Credit-May Chit Thway's FB Acc

ပိုင်တံခွန်ရဲ့မိသားစုဝင်တစ်ဦးက "အပိုင်ကြီးကို ရေးတင်နေကြတာ မျက်စိနဲ့တပ်အပ် မြင်ခဲ့ကြလို့လား? မိသားစုထက်တောင် ပိုသိနေကြတာနော် စိတ်တိုနေရတဲ့အထဲ..ဘုမသိ ဘမသိနဲ့ အာမချောင်ကြပါနဲ့ တောင်းပန်ပါတယ်??" ဆိုပြီး သတင်းအမှားတွေမဖြန့်ကြဖို့ ပြောထားတာ ဖြစ်ပါတယ် ။ အစ်မဖြစ်သူရဲ့ရေးသားပြောပြချက်အရ သရုပ်ဆောင် ပိုင်တံခွန်က အခုချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးတာကြောင့် မိသားစုဝင်တွေက ဆက်လက်စောင့်မျှော်နေရဆဲ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ ပရိသတ်တွေကလည်း ပိုင်တံခွန်အမြန်ဆုံး လွတ်မြောက်စေဖို့အတွက် ဆုတောင်းနေကြတာ ဖြစ်ပါတယ်။

Source & Photo Credit-May Chit Thway's FB Acc

Photo Credit-May Chit Thway's FB Story
Photo Credit-May Chit Thway's FB Story
Photo Credit-May Chit Thway's FB Acc
Photo Credit-May Chit Thway's FB Acc
Photo Credit-May Chit Thway's FB Acc
Photo Credit-May Chit Thway's FB Acc
Photo Credit-May Chit Thway's FB Story
Photo Credit-May Chit Thway's FB Story
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T