သင်္ချိုင်းမြေထဲမှာ သမီးငယ်ရှာပြီးခူးပေးတဲ့ သပြေပန်းအနီရောင်လေးကို သားလေးနဲ့ဆင်တူဖြစ်အောင် နားမှာညှပ်ပန်ခဲ့တဲ့ ရေမွန်ရဲ့မိခင်

//s9.kh1.co/b7/b72bb1ab63b8f2356ae68c23d3546abd003eb9e5.jpeg
အနုပညာရှင်များ

 ၃၀-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

သင်္ချိုင်းမြေထဲမှာ သမီးငယ်ရှာပြီးခူးပေးတဲ့ သပြေပန်းအနီရောင်လေးကို သားလေးနဲ့ဆင်တူဖြစ်အောင် နားမှာညှပ်ပန်ခဲ့တဲ့ ရေမွန်ရဲ့မိခင်

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ရေမွန်ကတော့ မိသားစုနဲ့ပရိသတ်တွေကို ခွဲခွါသွားခဲ့တာ (၈)ရက်တောင်ရှိသွားပြီဖြစ်ပါတယ်။ရေမွန်ရဲ့ ရက်လည်ကို မနေ့က နေအိမ်မှာပဲပြုလုပ်ခဲ့ကြပြီး ရင်နှီးတဲ့မိတ်ဆွေတချို့ကိုဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ရေမွန်ရဲ့ မိခင် အန်တီခင်မြတ်မွန်ကလည်း အားကိုးရတဲ့သားလိမ္မာလေးကို ဆုံးရှုံးလိုက်ရလို့ ရင်ထဲမှာသောကအပူမီးတွေရှိနေတာဖြစ်ပါတယ်။မိတ်ဆွေတွေနဲ့ အနုပညာအသိုင်းအဝိုင်းကသူတွေကလည်း အန်တီခင်မြတ်မွန်ကို အားပေးစကားလေးတွေပြောပေးရှာတာဖြစ်ပါတယ်။

Photo Credit:Khin Myat Mon’s FB acc
Photo Credit:Khin Myat Mon’s FB acc
Photo Credit:Khin Myat Mon’s FB acc
Photo Credit:Khin Myat Mon’s FB acc
Photo Credit:Khin Myat Mon’s FB acc
Photo Credit:Khin Myat Mon’s FB acc

ရေမွန်ရဲ့အရိုးပြာကိုလည်း ကျန်ရစ်သူမိသားစုက အမှတ်တရတစ်ခုခုဖြစ်အောင်လို့ သေချာစီစဉ်နေတာဖြစ်ပါတယ်။ဒါ့အပြင် အန်တီခင်မြတ်မွန်က ရေမွန်ရဲ့ရက်လည်ကို လက်ရှိကျန်းမာရေးအန္တရာယ်၊အခန်းအနေအထား၊လာရောက်သူတွေရဲ့လုံခြုံမှုကို စိုးရိမ်ငဲ့ညှာတာကြောင့် အားလုံးကိုမဖိတ်နိုင်ခဲ့လို့ နားလည်ခွင့်လွှတ်ပေးဖို့ရေးသားထားတာသေးတာဖြစ်ပါတယ်။ရေမွန့်ကို ချစ်ပေးကြတဲ့ အနီးအဝေးက မိတ်ဆွေတွေ၊ပရိသတ်တွေနဲ့ ကူညီဖေးမပေးသူအားလုံးကို ကျေးဇူးတင်စကားလည်းပြောထားပါတယ်။

Photo Credit:Khin Myat Mon’s FB acc
Photo Credit:Khin Myat Mon’s FB acc
Photo Credit:Khin Myat Mon’s FB acc
Photo Credit:Khin Myat Mon’s FB acc
Photo Credit:Khin Myat Mon’s FB acc
Photo Credit:Khin Myat Mon’s FB acc
Photo Credit:Khin Myat Mon’s FB acc
Photo Credit:Khin Myat Mon’s FB acc

အန်တီခင်မြတ်မွန်ကတော့ သားလေးရဲ့အရိုးပြာကိုသွားကောက်တဲ့နေ့တုန်းက အမှတ်တရတစ်ခုကိုပြောပြလာပါသေးတယ်။အဲ့ဒါကတော့ အရိုးပြာကောက်ဖို့ မီးမငြိမ်းသေးတာကြောင့် ရေကားခေါ်ထားပြီး စောင့်နေတဲ့အချိန်မှာသမီးငယ်ခူးပေးလာတဲ့ သပြေပန်းအနီရောင်လေးကို သားလေးနဲ့ဆင်တူဖြစ်အောင် နားမှာညှပ်ပန်ခဲ့တာဖြစ်ပါတယ်။ရေမွန်တို့သားအမိနှစ်ယောက်ရဲ့ နောက်ဆုံးအမှတ်တရ ဆင်တူပုံလေးကို ပရိသတ်အများအပြားမြင်တွေ့အောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Khin Myat Mon’s FB acc
Photo Credit:Khin Myat Mon’s FB acc
Photo Credit:Khin Myat Mon’s FB acc
Photo Credit:Khin Myat Mon’s FB acc
Photo Credit:Khin Myat Mon’s FB acc
Photo Credit:Khin Myat Mon’s FB acc

Source&Photo Credit:Khin Myat Mon’s Facebook Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T