ပုဒ်မ(၅၀၅-က)ဖြင့် အမှုဖွင့်တရားစွဲဆိုခံရတဲ့ အနုပညာရှင်(၂၄)ဦးကို အမှုပြန်လည်ရုပ်သိမ်းပေးလိုက်ကြောင်း ထုတ်ပြန်ကြေညာ

//s9.kh1.co/f6/f661f4b1772253d2adae40a81703e5504d9721b0.jpg
အနုပညာရှင်များ

 ၃၀-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

အာဏာရှင်လူတစ်စုက ဧပြီလကနေစတင်ပြီးလူမှုကွန်ယက်ပေါ်မှာ နိုင်ငံ့ဝန်ထမ်းများကို CDM လှုပ်ရှားမှုများနဲ့ လူထုလှုပ်ရှားမှုပြုလုပ်ဖို့ လှုံဆော်ရေးသားမှုများကြောင့် အနုပညာရှင်တချို့ကို ပုဒ်မ(၅၀၅-က) ဖြင့် အမှုဖွင့်တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။ ဇွန်လ (၂၉)ရက်နေ့မှာတော့ ပုဒ်မ (၅၀၅-က) ဖြင့် အမှုဖွင့်ထားခြင်းခံရတဲ့ အနုပညာရှင် (၂၄)ဦးကို ၎င်းတို့ရဲ့ လက်အောက်ခံ မီဒီယာများမှာ အမှုရုပ်သိမ်းပေးလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

အဆိုပါ အနုပညာရှင်များကတော့ ဝါဆိုမိုးဦး ၊ ကျော်ကျော်နန္ဒ၊ ဟန်နေတာ ၊ သက်မွန်မြင့် ၊ G Fatt ၊ အောင်သူလွင် ၊ မယ်ရီ ၊ နော်ဖောအယ်ထား၊ ခါရာ ၊ စူးရှနိုင် ၊ ချစ်သုဝေ ၊ J fire ၊ အေးဝတ်ရည်သောင်း ၊ အေးမြတ်သူ ၊ ညီနန္ဒ ၊ မထက် ၊ မေဦးမောင် ၊သီဟထွန်း၊ ခြူးပန်းနွယ် ၊ သားငယ် ၊ အောင်ထက် ၊ နန်းသူဇာ ၊ သွင်ပပနိုင် ၊ သဇင်နွယ်ဝင်းတို့ကို အမှုရုပ်သိမ်းပေးလိုက်တာ ဖြစ်ကြပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

၎င်းတို့ရဲ့ ထုတ်ပြန်ချက်မှာလည်း ယင်းအနုပညာရှင်များဟာ ပယောဂတစ်စုံတရာကြောင့် လှုံဆော်ရေးသားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ယူဆရတာကြောင့် ပုဒ်မ(၅၀၅-က)ဖြင့် တရားစွဲဆိုထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးလိုက်တာဖြစ်တယ်လို့ ဖော်ပြချက်မှာ တွေ့ရပါတယ်။ ဒါ့အပြင် အထက်ပါ အမှုရုပ်သိမ်းပေးလိုက်တဲ့ အနုပညာရှင်များဟာ တည်ဆဲဥပဒေများရ ထပ်မံလုပ်ဆောင်လာပါက အရေးယူခံရမှာဖြစ်ပြီး တရားရုံးမှာ လက်ရှိစစ်ဆေးနေတဲ့ အနုပညာရှင်များကိုလည်း ပြန်လွှတ်ပေးသင့်သူအား ထပ်မံပြန်လွှတ်ပေးရန် စီစဉ်နေကြောင်း ဖော်ပြချက်မှာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T